News

POST TAGGED AS

ပေါက်ကွဲမှု

01-Aug-2017

တမူး H1N1
မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် ဝင်ထွက်သွားလာသူများကို H1N1 ရောဂါစစ်
ကလေး၊ သြဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ပေါက် ဖြစ်သည့် နန်းဖာလုံဈေးအနီးရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်သို့ ဝင်ထွက်သွားလာနေသူများတွင် ရာသီတုပ်ကွေး (H1N1) ရောဂါရှိ မရှိ စစ်ဆေးခြင်းကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း တမူးခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသူရက ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ H1N1သည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားမှု မရှိသေးသော်လည်း စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အတွက် ကြိုတင်ကာကွယ်မှု အနေဖြင့် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်  ၁၀၂ ဒီဂရီဖာရင်ဟိုက်) အထက် ဖျားနာသူများကို နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း မဝင်ရောက်ရန် တားမြစ်ထားကြောင်း ၎င်းက ပြောဆိုသည်။

ယင်းရောဂါရှိမရှိကို လူ၏နဖူးကို အနီအောက်ရောင်ခြည်ဖြင့် ထိုးလိုက်ခြင်းဖြင့် အပူချိန်တိုင်းတာနိုင်သည့် ကိရိယာဖြင့် နယ်စပ်ဂိတ်ပေါက်မှ တစ်ဆင့် ဝင်ရောက်လာသူများကို စစ်ဆေးနေပြီး ယင်းကဲ့သို စစ်ဆေးမှုကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ တစ်လကြာ ပြုလုပ်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ 

“အခုလောလောဆယ်တော့ တစ်လအကြာ စစ်ဆေးမယ်။ နောက်ထပ်ကတော့ တုပ်ကွေးတွေ့ရှိချက်အပေါ် မူတည်မယ်။ ရာသီတုပ်ကွေးရောဂါ တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးစက်ပျံ့ပွားမှု မရှိစေရေး ဆောင်ရွက်တာပါ” ဟု ဒေါက်တာသူရက ဆိုသည်။

(ပုံစာ - တမူးမြို့နယ်စပ်တွင် ဆေးစစ်ဆေးနေသည်ကို မြင်ရစဉ်)

ဓာတ်ပုံ - Kyaw San Lin
R 20



FOLLOW US