News

POST TAGGED AS

ပေါက်ကွဲမှု

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းတွင် M 150 အချိုရည်ပုလင်းများကို အသုံးပြုဖောက်ခွဲမှု ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆိုစစ်ဆေးနေသည့် အမှုကို ဧပြီလ ၂၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရသည်။
စစ်တွေမြို့တွင် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲမှုကြောင့် သံသယရှိသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအပါအဝင် အမျိုးသားလေးဦးကိုဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ချုပ်ရမန် ရယူစစ်ဆေးနေကြောင်း ဖမ်းဆီးခံရသူများထံမှ သိရသည်။
လားရှိုးမြို့ပေါ်ရှိ ရိုးမဘဏ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နယ်ဒေသများရှိ ဘဏ်ခွဲများကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် ဘဏ်ရုံးချုပ်များက ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ်အချို့ထံမှ စုံစမ်းသိရှိရသည်။
လားရှိုးမြို့ မြို့တော်ခန်းမအနီး မင်းလမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ် (၁) တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ချိန်ကိုက်ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စက်မှုဇုန် (၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းဝင်းအတွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပြုပြင်နေသော Family Win ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာအနီးရှိ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခု၌ ဇန်နဝါရီ လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ယမ်းပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့မရဲစခန်းထံမှ သိရသည်။
27-Dec-2017 tagged as ပေါက်ကွဲမှု
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စု အုမ္မကျေးသီးရွာ မြင်သာစိုက်ပျိုးရေးခြံအနီးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူလေးဦး ထိဒဏ်ရာများ ရရှိခဲ့ကြောင်း နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖားကန့်မြို့မရဲစခန်းအနီးတစ်ဝိုက်ရှိ လမ်းဘေးနေရာသုံးနေရာ၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်က ပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ခင်မောင်မြင့်က ပြောကြားသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့ သံရှင်ကျေးရွာနှင့် ဆပ်ကျာကျေးရွာအနီး မင်းပြား-မြောက်ဦးကားလမ်းပေါ်တွင် ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကျပ်မှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မြောက်ဦးမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။
24-Aug-2017 tagged as ပေါက်ကွဲမှု
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားနောင်ကျေးရွာအနီးရှိ နှမ်းစိုက်ပျိုးရန် ထွန်ယက်ထားသည့် နှမ်းခင်းအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နားနောင်ကျေးရွာတာဝန်ခံ ဦးဝင်းရွှေက ပြောကြားသည်။