News

POST TAGGED AS

နေပြည်တော်

လမ်းများပျက်စီးနေခြင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တာဝန်မကင်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရေးကို ကျပ်သန်းပေါင်းတစ်ထောင် ငါးရာကျော်အသုံးပြုပြီ ၂၀၁၉ ခုနှစ်တွင် အပြီးရိုက်ကူးသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
လေဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၈၆ လုံးကို ကျပ် (၁၅.၉၇၃) ဘီလီယံ အကုန်အကျခံ၍ ယခုနှစ်အတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရှမ်းပြည်နယ် ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်အတွင်းရှိ စော်ဘွားကြီးများ ဝတ်ဆင်ခဲ့သည့် ဝတ်ရုံ ၁၃၈ စုံကို ကြာရှည်ခံရန် ထိန်းသိမ်းပြုပြင်သွားမည်ဟု အမျိုးသားပြတိုက် (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက ပြောကြားသည်။
ပြည်တွင်းရှိ နိုင်ငံသားများသည် ဖြစ်ချင်စိတ်များ အားကြီးလွန်းသဖြင့် ခံနိုင်ရည်ရှိရန်လိုအပ်ပြီး အစိုးရသည် မှော်ဆရာကဲ့သို့ ချက်ချင်းအပြောင်းအလဲ ပြုလုပ်ရန် မစွမ်းဆောင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။
ယခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း ၁၆၆၀ ဒသမ ၆၁၆ ကိုသုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားသည်။
16-Jan-2018 tagged as နေပြည်တော်
ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခြောက်လတာ ဘတ်ဂျက်အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံ တစ်သောင်းကျော် ( ကျပ်သန်းပေါင်း ၁၀,၆၇၇,၆၉၈ ဒသမ ၁၇၄) သုံးရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ လျာထားတင်ပြလိုက်သည်။
လာမည့်လေးနှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်စုစုပေါင်း ၃၆၀၀ ကျော် ထုတ်လုပ်သွားရန် စီမံထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
14-Jan-2018 tagged as နေပြည်တော်
နေပြည်တော် ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော် သံဃာတော်အပါး ၁၀,၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နေပြည်တော်ကောင်စီက ခွင့်ပြုလိုက်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ယခင်အစိုးရ လက်ထက်အပါအဝင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီးများနှင့်ပတ်သက်၍ တိုင်ကြားစာများ ရောက်ရှိလာခြင်း မရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဟံညွှန်က ပြောကြားသည်။