News

POST TAGGED AS

နေပြည်တော်

အေးရှားဝေါလ်ဆိပ်ကမ်း အပါအဝင် ရန်ကုန်နှင့်နေပြည်တော် လေဆိပ်များ၌ မတ်လ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အထိမ်းအမှတ် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုရပ်တန့်ရေး ပညာပေးလှုပ်ရှားရန် မိုမိုတို့၏ ရင်တွင်းစကားသံနှင့် အေးရှားဝါလ်ကုမ္ပဏီက စီစဉ်လျက်ရှိကြောင်း မိုမိုတို့၏ ရင်တွင်းစကားသံ (Voice Of Momos) က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် မြေအောက်သတ္တုတူးဖော်ရေး လုပ်ငန်းခွင်၌ မတော်တဆမှု အများဆုံးဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။
19-Feb-2018 tagged as နေပြည်တော်
ကြံ့ခိုင်ရေးပါတီဝင် ကရင်ပြည်နယ်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင် မေးမြန်းသည့်မေးခွန်းသည် ဥပဒေနှင့်မညီသောကြောင့် ပယ်ချလိုက်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စားလှယ်များကို ရှင်းလင်းပြောကြားလိုက်သည်။
17-Feb-2018 tagged as နေပြည်တော်
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံများတွင် လူမှုဖူလုံရေး ဝင်ထားသည့် အလုပ်သမားများကို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသခွင့်ရရန် ညှိနှိုင်းပေးမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
တရားရုံးတွင် သက်သေခံများ အကြောင်းမဲ့ ပျက်ကွက်မှုမရှိစေရေးအတွက် အလေးထားကြပ်မတ်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီ၌ ၁၀ နှစ်အရွယ် ယောက်ျားလေးငယ်တစ်ဦးက ဗုံးသီးဟောင်းတစ်လုံးကို မီးပုံထဲပစ်ထည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်နှစ်ဦးနှင့် ကျွဲနှစ်ကောင်တို့ကို ဗုံးစများ ထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးပါက ၎င်းတို့ပြည်နယ်ဒေသရှိ အခြေခံအဆောက်အဦများကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရကိုယ်စား နိပွန်ဖောင်ဒေးရှင်းက ပြောကြားသည်။
နေပြည်တော် တပ်ကုန်းမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်း (လမ်းဟောင်း) ဘေးရှိ လူမနေသည့် တဲတစ်လုံးတွင် ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက လည်ပင်းညှစ်သတ်ထားသည့် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင့်ရန်ကိစ္စကို လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေသည့် ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများကို လာမည့် ၈ ကြိမ်မြောက် ရုံးချိန်တွင် ပုဒ်မသုံးခုဖြင့် ထပ်မံ စစ်ဆေးသွားမည်ဟု ဒုတိယခရိုင် တရားသူကြီး ဦးခင်မောင်ထွေးက ပြောကြားသည်။