News

POST TAGGED AS

နေပြည်တော်

အကျင့်ဆိုးများ မဖျောက်နိုင်သေးသည့်ဝန်ထမ်းများ ရှိနေဆဲဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်ပယ်သည်အထိ အရေးယူရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
၂၀၁၈ ခုနှစ်အတွက် အခွန်အကောက်ဥပဒေကြမ်းပါ အကြောင်းအရာများကို တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ်များက ထောက်ပြခြင်းကြောင့် ပြန်လည်ညှိနှိုင်း၍ တင်ပြရန် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။
ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခြောက်လတာ ဘတ်ဂျက်အသုံးစရိတ် တောင်းခံမှုကို ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်ဘီလီယံ တစ်ရာကျော်နှင့် သာမန်အသုံးစရိတ်မှ ဘီလီယံ ၃၀ ခန့်ကို ဖြတ်တောက်၍ လွှတ်တော်က အတည်ပြုလိုက်သည်။
ဒက္ခိဏသီရိမြို့နယ် နေပြည်​​တော်​အချုပ်​​ထောင်​မှ အချုပ်​ကျတရားခံများကို ​တရားရုံးတစ်​ခုသို့ ရုံးထုတ်​ပြီးအပြန်​ မတ်​လ ၅ ရက်​​ ည​နေ ၅ နာရီခန့်က တရားခံနှစ်​ဦး ထွက်​​ပြေးလွတ်မြောက်သွားကြောင်း ဒက္ခိဏသီရိမြို့မ ရဲစခန်းထံမှ သိရသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ စစ်တောင်း ၁၀ လမ်းနှင့် ချယ်ရီ ၇ လမ်းထောင့်တွင် မတ်လ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က ရေမြောင်းအုတ်နံရံပြိုကျရာမှ မြောင်းပြုပြင်နေသည့် အလုပ်သမားများအပေါ် ပိမိကာ ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်လမ်းနှင့် သံတမန်အိမ်ရာ ကွန်ကရစ်လမ်းဆုံတွင် အမည်မသိ ခရီးသည်အမျိုးသားတစ်ဦးက ကြိုးဖြင့်ချည်နှောင်ကာ ခြိမ်းခြောက်ပြီး ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများကို လုယူသွားကြောင်း လီဆယ်တိုင်ကြားခဲ့သည့် ကယ်ရီမောင်းသူ အမျိုးသားကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လူမှုဖူလုံရေးအဖွဲ့ စီမံခန့်ခွဲမှုအောက်ရှိ အလုပ်သမားဆေးရုံ ၃ ရုံတွင် တက်ရောက်ကုသနေသော အာမခံ အလုပ်သမား လူနာများ တစ်ရက်စာ စားစရိတ်ကို မတ်လ ၁ ရက်နေ့မှစတင်ပြီး တစ်ပြေးညီခွင့်ပြုလိုက်သည်ဟု လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေသည် ပြီးခဲ့သည့် အစိုးရသက်တမ်း (၂၀၁၅ ဩဂုတ်လ) ၏ လွှတ်တော်မှ အတည်ပြုရန်ဆိုင်းငံ့ထားပြီး ယနေ့အချိန် (သက်တမ်း နှစ်နှစ် ကျော်လာသည်) အထိ ပိုမိုကောင်းမွန်အောင် ပြန်လည်ရေးဆွဲနေသည်ဟုသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေကြားလိုက်သည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအချို့က သီးခြားဖွင့်လှစ်ထားသော Other Account (OA) မှ ငွေစာရင်းများကို နိုင်ငံ့ဘဏ္ဍာအတွင်း ထည့်ဝင်သုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားလိုက်သည်။
တစ်နိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်း နှစ်သောင်းကျော်ထံ Tablet ဖြင့် ကျန်းမာရေးအချက်အလက်များ ဖြန့်ဝေကုသရန် ပြုလုပ်ခြင်းသည် ကျန်းမာရေးကဏ္ဍကို ပြောင်းပြန်လှန်နိုင်သည့် အခြေအနေဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည်။