News

POST TAGGED AS

နေပြည်တော်

ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဧည့်ခန်းမဆောင်၌ကျင်းပရာ နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်။
နေပြည်တော်တွင် တောတွင်းမှ မှိုခူးယူစားသုံးသူလေးဦးနှင့် မြို့မဈေးမှ ဝယ်ယူစားသုံးသူ ကိုးဦးတို့မှာ အဆိပ်သင့်၍ ခုတင် ၁၀၀၀ ဆေးရုံ၌ တက်ရောက်ကုသနေရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်တွင် ကျင်းပရန်ရှိနေသော ကျောက်မျက်ပြပွဲကြောင့် မန္တလေးမြို့၌ ကျောက်စိမ်းအရောင်းအဝယ် အေးသွားသည်ဟု မဟာအောင်မြေ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက အုပ်စု (ဂ) တွင် သတ်မှတ်ထားသည့် Delivery Van ယာဉ်များ၏ ဒဏ်ကြေးသတ်မှတ်ချက်ကို မကျေနပ်၍ ယင်းယာဉ်တင်သွင်းထားသူ ၁၀၀ ဦးခန့်က ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တင်ထားကြောင်း ၎င်းတို့ထံမှသိရသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် နေပြည်တော်တွင် ဝန်ထမ်းတက္ကသိုလ်တစ်ခုကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ရန် တင်ပြထားကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဘယ်လင်တိုင်းက ပြောကြားသည်။
အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ သံတမန်ဇုန်တွင် သံရုံး ၁၅ ရုံးမှ မြေနေရာ ၂၉ ခုကို အဆိုပြုတင်ပြထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။
အကျဉ်းထောင်နှင့် အကျဉ်းစခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိပါက အားမနာတမ်းအသိပေးရန် မေတ္တာရပ်ခံလိုကြောင်း မြန်မာနိုင်ငံအမျိုးသား လူအခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားလိုက်သည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် အသက် ၇၆ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးမှာ ၎င်း၏ တတိယမြောက် ဇနီးဖြစ်သူက ဆက်လက် မပေါင်းသင်းနိုင်ကြောင်းပြောဆိုကာ ကွာရှင်းမည်ဆိုသဖြင့် စိတ်ညစ်ပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) မန်တုံမြို့နယ်တွင် တပ်မတော်သားအချို့က ဒေသခံများအပေါ် နှိပ်စက်မှုကို တိုင်ကြားခဲ့သော်လည်း ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့ဟု မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက မေလ ၂၄ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမှုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ကန့်ကွက်ခဲ့သည်။
မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုအတွက် လေကြောင်းစောင့်ကြည့်သည့် အဆင့်မြင့်ရေဒါစက် (Approach Radar Control Radar) များ တပ်ဆင်ရန် ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့က စစ်တမ်းစကောက်နေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးပိုင်က ပြောကြားသည်။