News

POST TAGGED AS

နေပြည်တော်

၂၁ ရာစုပင်လုံတတိယအကြိမ် ညီလာခံမှ အခြေခံမူ ၁၄ ချက်ကို သဘောတူညီမှု ရရှိခဲ့ပြီး ယင်းအချက်တို့အား ပြည်ထောင်စု သဘောတူစာချုပ်၏အစိတ်အပိုင်း (၂) အဖြစ် လက်မှတ်ရေးထိုးလိုက်သည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ သီရိမြို့နယ် ဟိုတယ်တစ်ခုတွင် ဇူလိုင် ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က တည်းခိုသူ အမျိုးသမီးတစ်ဦး အိမ်သာတက်နေသည်ကို ဓာတ်ပုံခိုးရိုက်သည့် အမျိုးသားကို အမှုဖွင့်အရေးယူခဲ့ကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ UMFCCI ရုံးအနီး၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထောက်အကူပြုရုံးကို ဇူလိုင်လ ၁၁ ရက် ညနေပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဆိုသည်။
 နေပြည်​​တော်​ ဇမ္ဗူသီရိမြို့နယ်​မှ အငှားကား ငှားလာပြီး ပြည်​မြို့၊ ရွှေတံခါးဘူတာအနီး၌ ​သွား​ရောက်​လိုသည့်အိမ်ကို ရှာဖွေရန်​ ​ခေတ္တရပ်​ခိုင်းပြီးနောက် ကားကိုခိုးယူသွားခဲ့သူ ငါးဦးကို မင်းတုန်းမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်က ​ဖမ်းဆီးရမိခဲ့​ကြောင်း မဲဇလီနယ်​​မြေရဲစခန်းထံမှ သိရသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည့် ပြောကြားချက်များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့၏ သဘောထားမဟုတ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) နှစ်ဦးအမှုကို မန္တလေးတိုင်း တရားလွှတ်တော်၌ ဇူလိုင်လ ၁၀ ရက်နေ့ကစစ်ဆေးခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သည့် လုပ်ငန်းရှင်နှစ်ဦးကို မမှန်သက်သေခံမှုဖြင့် အရေးယူပေးရန် စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
နယ်စပ်လုံခြုံရေးကို ကွပ်ကဲဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် အင်အားဖြည့်တင်းရန် နေပြည်တော်နှင့် မန္တလေးမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၈၆ ဦး ရန်ကုန်မြို့သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးဇော်သီဟက ပြောကြားသည်။
နေပြည်တော်၌ ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ရောင်းအားကောင်းသော်လည်း ယခင်ပြပွဲများနှင့်နှိုင်းယှဉ်ပါက ဈေးအရနည်းကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေပြည်တော် ပျဉ်းမနားခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး၌ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ်ကို ဇွန်လ ၂၀ ရက်နေ့က မွေးဖွားခဲ့ကြောင်း ယင်းဆေးရုံထံမှသိရသည်။
နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ရန် မန္တလေးတိုင်း တရားလွှတ်တော်က ဇွန်လ ၁၂ ရက်နေ့တွင် အမိန့်ချလိုက်သည်။