News

POST TAGGED AS

နေပြည်တော်

ယခုနှစ်(၂၀၁၇-၂၀၁၈) ပြည်ထောင်စု အစိုးရ၏လိုငွေစာရင်းကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူလိုကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။
နိုင်ငံတော်၏ ဘဏ္ဍာရေးနှစ်ကို လက်ရှိ ကျင့်သုံးနေသော ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ထိဟု သတ်မှတ်ထားသည့်အစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိဟု ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။
01-Oct-2017 tagged as နေပြည်တော်
နိုင်ငံတကာ သက်ကြီးရွယ်အိုများနည်းတူ ဆေးကုသမှုနှင့် ခရီးသွားလာမှုဆိုင်ရာ အခွင့်အလမ်းများကို သက်သာသည့်နှုန်းထားဖြင့် ခံစားနိုင်ရန် မြန်မာနိုင်ငံရှိ သက်ကြီဘိုးဘွားများကို သက်ကြီးရွယ်အိုအဖြစ် အသိအမှတ်ပြုကတ်များ ယခုနှစ်အတွင်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများ ပြန်လက်ခံရေး အစိုးရက ကျပ် နှစ်ဘီလီယံကျော် သုံးစွဲမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
23-Sep-2017 tagged as နေပြည်တော်
နေပြည်တော် ခုတင်တစ်ထောင် ပြည်သူ့ဆေးရုံကို လုံခြုံရေးစီမံမှုများ တင်းကျပ်၍ လုံခြုံရေးဝန်ထမ်းဦးရေ တိုးမြှင့်ပြောင်းလဲမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
14-Sep-2017 tagged as နေပြည်တော်
နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ကယားနှင့် ချင်းပြည်နယ်များမှ အုပ်ချုပ်ရေးမှူး သုံးဦးကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနသို့ မူလရာထူးဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းက ပြောကြားသည်။
နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ်ရှိ မူကြိုကျောင်းတစ်ခုမှ ဒုတိယ ကျောင်းအုပ်ဆရာမ တစ်ဦးသည် ယနေ့ (သြဂုတ်လ ၃ ရက်) နံနက် ၇ နာရီခန့်က လုယက်ခံခဲ့ရကြောင်း ဇမ္ဗူသီရိမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
21-Jul-2017 tagged as နေပြည်တော်
ရှေးခေတ်လူသုံးကုန်နှင် လက်နက်များထုတ်သည့် နေရာဟု ယူဆရသော ပျုခေတ်သံဖိုများ မြတ်စွာဘုရား ခြေတော်ရာနှစ်ဆူ ရှိသည့် မန်းစက်တော်ရာ ဘုရားဝန်းကျင်တွင် တွေ့ရှိရသည်ဟု ရှေးဟောင်းသုတေသီ တမ္ပဝတီ ဦးဝင်မောင်က ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများအတွက် ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို ဝယ်မည့် မိသားစုသည် တစ်လ အနည်ဆုံးဝင်ငွေ ၃ သိန်းရှိရမည်ဟု နေပြည်တော်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် အကြီးတန်း မန်နေဂျာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။
နေပြည်တော်သည် မြို့တော်သစ် ဖြစ်သည်နှင့်အညီ ဧရိယာ ကျယ်ဝန်းသော လမ်းမကြီးများ၊ အပန်းဖြေစရာ နေရာများနှင့် နိုင်ငံခြားသားဧည့်သည်များ တည်းခိုနိုင်သည့် ဟိုတယ်နှင့် အခန်းအရေ အတွက် စသော အခြေခံအချက်အလက်များ လုံလောက်စွာ ရှိနေသော်လည်း ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားမှု ရရှိရန်မူ ဝေးကွာလျက် ရှိနေသေးသည်။