News

POST TAGGED AS

နေပြည်တော်

ငွေလုံးငွေရင်းနှင့် သာမန်စရိတ်နှစ်ခုပေါင်း ဘီလီယံ ၁၃၀ ကျော်ဖြတ်
နေပြည်တော်၊ မတ် ၆

ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခြောက်လတာ ဘတ်ဂျက်အသုံးစရိတ် တောင်းခံမှုကို ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်ဘီလီယံ တစ်ရာကျော်နှင့် သာမန်အသုံးစရိတ်မှ ဘီလီယံ ၃၀ ခန့်ကို ဖြတ်တောက်၍ လွှတ်တော်က အတည်ပြုလိုက်သည်။

ကျပ်ဘီလီယံ တစ်သောင်းကျော် (ကျပ်သန်းပေါင်း ၁၀၆၇၇၆၉၈ ဒသမ ၁၇၄) သုံးရန် တင်ပြထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ်သန်းပေါင်း ၁၀၀,၇၀၇ ဒသမ ၃၁၀ (၁၀၀ ဘီလီယံကျော်) ကို ဖြတ်တောက်အတည်ပြုခဲ့ပြီး ယနေ့တွင် သာမန်အသုံးစရိတ်မှ ၃၀ ဘီလီယံခန့် ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

သာမန်အသုံးစရိတ် ဖြတ်တောက်မှုတွင် ၃၀ ဘီလီယံခန့်ဟုသာ ပြောနိုင်ပြီး အသေးစိတ်ပေါင်းထားခြင်းမရှိသေးကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက The Voice Daily သို့ ပြောသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလမှစပြီး စက်တင်ဘာလတွင် အဆုံးသတ်ရန် သတ်မှတ်ခဲ့ပြီးဖြစ်သောကြောင့် ယင်းဘတ်ဂျက်နှစ် မစတင်မီ ၆ လတာကာလအတွင်း အစိုးရအဖွဲ့၏အသုံးစရိတ်များကို ယခုကဲ့သို့ရေးဆွဲကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဇန်နဝါရီ ၁၅ ရက်က တင်ပြခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ လျှော့ချ ဖြတ်တောက်ခြင်းမပြုခဲ့ပေ။

S-01



FOLLOW US