News

POST TAGGED AS

ဒေါ်အောင်ဆန်းစုကြည်

ဧရာဝတီတိုင်း ချောင်းသာကမ်းခြေနှင့် ၁၀ မိုင်ခန့်ဝေးသော ကျွန်းတစ်ကျွန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေနှင့် “The Lady Island” ကျွန်းဟု အမည်ပြောင်းရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကဏ္ဍအသီးသီးအတွက် မြန်မာနိုင်ငံကို အကူအညီမြောက်မြားစွာပေးလျက်ရှိသော ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် လာမည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်ကို Kyodo သတင်းဌာနက ကိုးကားဖော်ပြသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်တည်ထောင်ခဲ့ပြီး အဆင့်မြှင့် တင်ပြုပြင်ထားသည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကို ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) မွန်းလွဲ ၃ နာရီအချိန်က ၎င်း၏သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ငြိမ်းချမ်းရေးတွင် ကရင်မော်ဒယ်လ် (Karen Model) ဟု ပြောစမှတ်တွင်အောင်ပင် ကရင်ခေါင်းဆောင်များ လက်တွေ့ကျကျ ဦးဆောင်ပြခဲ့ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာစေရေးတွင် အထောက်အကူဖြစ်စေရန် လုပ်ငန်းစတင်မည့် တက်သစ်စလူငယ် စီးပွားရေးလုပ်ငန်းရှင်များကို အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်ကြီးများက ပံ့ပိုးကူညီပေးကြရန် နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့တော်ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ၏ အာဏာရပါတီအချင်းချင်း နက်ရှိုင်းသော မဟာဗျူဟာဆက်ဆံရေးရှိရန်အတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာ ပြည်သူ့သတင်းစာက ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ကမ္ဘာ့ရိုမန်ကက်သလစ် ခရစ်ယာန် ဂိုဏ်းခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် မိန့်ခွန်း ပြောကြားရာတွင် အနောက်နိုင်ငံများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများ မျှော်လင့်ထားသကဲ့သို့ ဘင်္ဂါလီ မွတ်ဆလင်များ အကြောင်းကို ထုတ်ဖော် ပြောဆိုမှု မပြုခဲ့သလို ရိုဟင်ဂျာဟူသည့် စကားလုံးကိုလည်း သုံးနှုန်းခဲ့ခြင်းမရှိကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
ဘင်္ဂါလီ(မူရင်းအသုံးရိုဟင်ဂျာ) ဒုက္ခသည်များအရေး ကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းမှုများနှင့်ပတ်သက်၍ မကျေနပ်သောကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်က ချီးမြှင့်ခဲ့သည့် အောက်စဖို့ဒ်စီတီလွတ်လပ်ရေး ဆုတံဆိပ် (Freedom of the City of Oxford) ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အောက်စဖို့စီတီကောင်စီက သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာမည့်ရက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဒုက္ခသည်များကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ အမြန်ဆုံး သဘောတူညီမှု ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။