News

POST TAGGED AS

ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်က အရေးယူပိတ်ဆို့မှုများ ဖြစ်လာအောင် ဦးဆောင်ဆော်ဩခဲ့သူ ဆီးနိတ် ရီပတ်ဘလစ်ကန် ဝါရင့် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်သည် လူ့အခွင့်အရေးကိစ္စကြောင့် ကမ္ဘာ့မျက်နှာစာတွင် နာမည်ပျက်နေသောမြန်မာကို အရေးယူပိတ်ဆို့မည့်ကိစ္စအား လွှတ်တော်တွင် ကန့်ကွက်သဖြင့် ၎င်းကို ဝိုင်းဝန်းဝေဖန်မှုများရှိနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲ ဓာတ်ဆီပုလင်း ပစ်သွင်းသူကို ဇူလိုင်လ ၂ ရက် မွန်းလွဲ ၃ နာရီခွဲက ရာဇသတ်ကြီး ပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ဗဟန်းတရားရုံးထံမှ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးမှုမရှိလျှင် ငြိမ်းချမ်းရေး ဘယ်တော့မှ ရှိလာမည်မဟုတ်ဟု ဇွန်လ ၁၄ ရက်က မော်လမြိုင်မြို့ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ အရပ်ဘက်အစိုးရသည် ကဏ္ဍအားလုံးတွင် တိုးမြင့်လာသော ဖိအားများအောက်တွင် ရောက်နေသည်။ မြန်မာနိုင်ငံသည် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသော မွတ်ဆလင်ဒုက္ခသည် တစ်သန်းနီးပါး ပြန်လာနိုင်ရေးအတွက် စီစဉ်ရန် ကြိုးစားရုန်းကန်နေသည့်အလျောက် မြန်မာအစိုးရအပေါ်တွင် အထူးသဖြင့် ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုထံမှ ဖိအားများ မြင့်တက်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လက်ရှိအချိန်ထိ မှားယွင်းသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေးကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ ၂ အဖြစ် တင်မြှောက်ခြင်း ခံထားရသူ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ မီးလောင်စေသည့် ဓာတ်ဆီပုလင်း ပစ်သွင်းခဲ့သူ ဦးဝင်းနိုင်ကို မတ်လ ၂၈ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အမှုမှတရားလိုပြသက်သေ အမျိုးသမီးတစ်ဦးကို စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် အကျိုးအမြတ်မကြည့်ဘဲ မြန်မာရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။
အာဆီယံ-ဩစတြေးလျ ညီလာခံသို့ တက်ရောက်ရန် ဩစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးမကောင်း၍ ယနေ့(အင်္ဂါနေ့)တွင်ကျင်းပမည့် လူထုဟောပြောပွဲ အခမ်းအနား ဖျက်သိမ်းလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
ဩစတြေးလျနိုင်ငံတွင် ကျင်းပ မည့် အာဆီယံအထူးအစည်းအဝေးပွဲသို့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သူများက မြို့တော်ဆစ်ဒနီတွင် ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း Press TV သတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသော အမေရိကန်ပြည်ထောင်စုတွင်ရှိသည့် လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်ပြတိုက်က ချီးမြှင့်ထားသည့် လူ့အခွင့်အရေးဆု (Elie Wiesel) အား ဖေဖော်ဝါရီလ ၇ ရက်က ပြန်ရုပ်သိမ်းလိုက်ကြောင်း United States Holocaust Memorial Museum က ထုတ်ပြန်ကြေညာခဲ့သည်။