News

POST TAGGED AS

ဒေါ်အောင်ဆန်းစုကြည်

ငါးခူရနယ်မြေ၌ အကြမ်းဖက်သမား ၁၀ ဦးဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရနယ်မြေတွင် အောက်တိုဘာ ၁၈ ရက်က တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် ငါးခူရနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ်က ပါဝင်ခဲ့သော အကြမ်းဖက်သမား ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း အဆိုပါနယ်မြေစခန်းမှ နယ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်သမား ၁၀ ဦးထဲမှ ခေါင်းဆောင်ဆိုသူနှစ်ဦးမှာ ကျန်းမာရေးအခြေအနေအရ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူထဲမှ တစ်ဦးမှာ ပန်းနာရင်ကြပ်ရောဂါဖြင့် အသက်ရှုမဝခြင်း၊ နောက်တစ်ဦးမှာ သွေးတိုးနှင့် နှလုံးအမောဖောက်ရောဂါခံစားရနေခြင်းတို့ကြောင့် ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက် ၁၁ နာရီက ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်တလောတွင် ကျန်ရှိသော အကြမ်းဖက်သမား ရှစ်ဦးကို စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။



FOLLOW US