News

POST TAGGED AS

ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာလအတွင်း ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံသို့ သွားရောက် လည်ပတ်ဖွယ်ရှိသည်ဟု ချက်သတင်းဌာနတစ်ခုဖြစ်သော Aktualne ၏ ဖော်ပြချက်ကို Prague Monitor က ကိုးကားဖော်ပြသည်။
မြန်မာနိုင်ငံအနေနှင့် ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စုံစမ်းစစ်ဆေးမှုကို ကြောက်လန့်နေမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၉ ရက်နေ့ အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောကြားရာ၌ အသိပေး ပြောဆိုလိုက်သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုကို မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် LED ဘုတ်ဖြင့် ပြသည်မည်ဖြစ်ပြီး မြန်မာဘာသာပြန်လည်း ထည့်သွင်းပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုကို ပြည်သူများ ကြည့်ရှုနားထောင်နိုင်စေရန် ကလေးမြို့ စည်ပင်သာယာရုံးရှေ့တွင် ပရိုဂျက်တာဖြင့် ပြသပေးသွားမည် ဖြစ်ကြောင်း ကလေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောကြားသည်။
မာလာလာအနေနှင့် ငြိမ်းချမ်းရေး၏ စစ်မှန်သော အနှစ်သာရကို နားမလည်ဟု သူမ ထင်မြင်ယူဆသူများအပေါ် ငြိမ်းချမ်းရေး ဆရာမကြီးသဖွယ် ဟန်ထုတ်ပြနေခြင်းထက် သူမ မသိသေးသော အရာများစွာကို ပိုမိုသင်ယူရန် လိုအပ်နေပါသည်။ သူမသည် ၂၀၁၂ ခုနှစ်က မွတ်ဆလင် အစွန်းရောက်များ၏ သတ်ဖြတ်မှုကို ကိုယ်တိုင်ခံခဲ့ရသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်ရာ သူမ ပထမဦးစွာ ပစ်မှတ်ထားရမည့်သူများမှာ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားသာ ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် မတက်ကို အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဟု အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) တံခါးပိတ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့(ယမန်နေ့)က ကျင်းပပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို လုံခြုံရေးကောင်စီက ထောက်ခံနေဆဲဖြစ်ကြောင်း ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနောက်ပိုင်း ဝေးလံခက်ခဲသော ဒေသမှ ဖြစ်ပျက်နေသော အရာများသည် အဆုံးတွင် အားလုံးအပေါ် ရိုက်ခတ်လာမည် ဖြစ်သည်။ အကြမ်းဖက်ပုန်ကန်မှု ဟူသည်မှာ အဆုံးတွင် မည်သူ့ကိုမှ ကောင်းကျိုးမပေးပါ။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် စာရေးသူတို့ အားလုံး၏ အကူအညီကို လိုအပ်နေသည်။ အကယ်၍ သူမ လက်လျှော့စွန့်ခွာသွားပါက အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပါ။ စာရေးသူတို့ အားလုံးသည် မြန်မာနိုင်ငံတွင် နောက်ထပ် စစ်အစိုးရသစ်တစ်ခုကို ကြုံတွေ့ကြရလိမ့်မည်။ ထိုအခါ ရခိုင်ဒေသရှိ မွတ်ဆလင်များအတွက် သာမကပဲ မြန်မာနိုင်ငံသားအားလုံးအတွက်၊ မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်နွှယ်သူများအတွက် ပျက်စီးရာ ပျက်စီးကြောင်း ကပ်ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်သည့် အမျိုးသားများအနေနှင့် ချစ်ခွင့်ပန်ခွင့်၊ လက်ထပ်ခွင့် တောင်းယူနိုင်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည့် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
လာမည့် သြဂုတ်လဆန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာသို့ လာရောက်၍ ကျေးလက်လူထုနှင့် စကားဝိုင်း ဆွေးနွေးမည်ဖြစ်သည်။