News

POST TAGGED AS

ဒေါ်လာဈေး

29-Jun-2018 tagged as ဒေါ်လာဈေး
အမေရိကန်ဒေါ်လာဈေးနှုန်းသည် နေ့စဉ်ဆိုသလို ဆက်တိုက်မြင့်တက်နေရာ ယခုအခါ ယမန်နေ့ကထက် တစ်ဒေါ်လာလျှင် ပြင်ပဈေးနှုန်း ၁၀ ကျပ်ကျော် ဆက်တက်ပြီး ၁၄၀၅ ကျပ်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အမေရိကန် ဒေါ်လာဈေးသည် အမြင့်ဆုံးအဖြစ် တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်ခန့်သို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ သတ်မှတ်နှုန်းသည် အမြင့်ဆုံးနှုန်းထားတစ်ရပ်အဖြစ် စံချိန်တင်ရောက်ရှိကြောင်း ဗဟိုဘဏ်၏ နှုန်းထားသတ်မှတ်ချက်များအရ သိရသည်။
18-Jun-2018 tagged as ဒေါ်လာဈေး
နိုင်ငံတကာ၌ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းအပြင် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းတို့ကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အမေရိကန် ဒေါ်လာလဲနှုန်းများ မြင့်တက်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
ယခုရက်ပိုင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ဆက်တိုက်မြင့်တက်လာရာ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာလျှင် ၁၃၅၀ ကျပ်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
30-Apr-2018 tagged as ဒေါ်လာဈေး
ငြိမ်သက်နေသော အမေရိကန် ဒေါ်လာဈေးနှုန်းများသည် ယခုအပတ်အတွင်း မြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ကျဆင်းလာသော်လည်း ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းရသည့် စက်သုံးဆီဈေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ ဆက်လက်ဈေးတက်မြဲဖြစ်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ပြန်ကျလာသော ဒေါ်လာဈေးသည် အမေရိက၌ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကြောင့် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုး မြင့်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
ငြိမ်သက်နေသော အမေရိကန် ဒေါ်လာဈေးသည် ကမ္ဘာ့ရွှေဈေး ကျဆင်းလာသည့်အတွက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ မြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ပထမပတ်အထိ တစ်နှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၀ဝ ကျပ် မြင့်တက်ကြောင်း ဗဟိုဘဏ်၏ ငွေလဲနှုန်း သတ်မှတ်ချက်များအရ သိရသည်။