News

POST TAGGED AS

ဒေါ်လာဈေး

15-Aug-2018 tagged as ဒေါ်လာဈေး
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ရာတွင် ကန့်သတ်သည့်နှုန်းထားကို ဖြေလျှော့လိုက်အပြီး ၂ ရက်အကြာ၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ကျော်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးများ အရောင်းအဝယ် ပြုလုပ်ရာတွင် ဗဟိုဘဏ်သတ်မှတ်နှုန်း၏ သုည ဒသမ ၈ ရာခိုင်နှုန်းသာ အတိုးအလျှော့ ပြုလုပ်နိုင်သည့် သတ်မှတ်ချက်ဘောင်ကို ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ တစ်ရက်လျှင် အမေရိကန်ဒေါ်လာတစ်သိန်း ထုတ်ရောင်းသည့်အတွက် ယခုအခါ တစ်ဒေါ်လာလျှင် ၁၂ ကျပ်ခန့်အထိ ဈေးပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
28-Jul-2018 tagged as ဒေါ်လာဈေး
ဒေါ်လာဈေးတက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ကာ ပြည်တွင်း ထုတ်ကုန်များ ယုတ်လျော့နေမှုအပေါ် ဥပဒေပြုရေးမဏ္ဍိုင်မှာလည်း ဤအတိုင်းကြည့်နေကြဖို့ မသင့်တော့ချေ။ အချုပ်အားဖြင့်တင်ပြရလျှင် ယနေ့အချိန်အခါသည် ခေတ်ဟောင်းမှ နည်းဟောင်းများအတိုင်း စနစ်များ မပြောင်းဘဲ လုပ်နည်းလုပ်ဟန်လေးသာ ပြောင်းပြီး လုပ်နေကြရုံ၊ အပြောသန်နေကြရုံမျှဖြင့်လည်း အလုပ် မဖြစ်ကြတော့ပေ။
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းနှင့်အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အခြားနိုင်ငံခြားငွေ တန်ဖိုးများလည်း လိုက်ပါမြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
18-Jul-2018 tagged as ဒေါ်လာဈေး
အမေရိကန် ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက်လျက်ရှိရာ ယခုအခါ မြန်မာ့ငွေကြေးဈေးကွက် သမိုင်းတစ်လျှောက် အမြင့်ဆုံး ဈေးနှုန်းတစ်ရပ်အဖြစ် တစ်ဒေါ်လာ ၁၄၂၅ ကျပ်သို့ ရောက်ရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။
12-Jul-2018 tagged as ဒေါ်လာဈေး
အနည်းငယ် ပြန်လည်ကျဆင်းနေသော အမေရိကန်ဒေါ်လာဈေးနှုန်းများသည် ယခုအခါ ပြင်ပဒေါ်လာဈေးကွက်၌ နှစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၂ ကျပ်အထိ ဈေးပြန်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
04-Jul-2018 tagged as ဒေါ်လာဈေး
မြင့်တက်နေသော အမေရိကန် ဒေါ်လာဈေးနှုန်းသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်နီးပါးသို့ ပြန်လည်ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
30-Jun-2018 tagged as ဒေါ်လာဈေး
စံချိန်တင် ဈေးနှုန်းအထိ မြင့်တက်ခဲ့သော အမေရိကန် ဒေါ်လာဈေးနှုန်းသည် ဇွန်လ ၂၉ ရက်နေ့က ပုဂ္ဂလိက ဘဏ်များနှင့် ပြည်တွင်း၌ ဖွင့်ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များကို ဗဟိုဘဏ်က ခေါ်ယူတွေ့ဆုံပြီးနောက် ဒေါ်လာဈေးနှုန်းများ ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
29-Jun-2018 tagged as ဒေါ်လာဈေး
အမေရိကန်ဒေါ်လာဈေးနှုန်းသည် နေ့စဉ်ဆိုသလို ဆက်တိုက်မြင့်တက်နေရာ ယခုအခါ ယမန်နေ့ကထက် တစ်ဒေါ်လာလျှင် ပြင်ပဈေးနှုန်း ၁၀ ကျပ်ကျော် ဆက်တက်ပြီး ၁၄၀၅ ကျပ်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။