News

POST TAGGED AS

ဒေါ်လာဈေး

23-Sep-2018 tagged as ဒေါ်လာဈေး
သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒေါ်လာဈေးတက်စေရန် ငွေကိုင်ကစားနေသူများကို စိစစ်အရေးယူရန် လုပ်ဆောင်နေပြီဟု စက်တင်ဘာလ ၂၁ ရက်နေ့က မီဒီယာများကို ခေါ်ယူတွေ့ဆုံ၍ ပြောကြားပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
21-Sep-2018 tagged as ဒေါ်လာဈေး
အမေရိကန်ဒေါ်လာဈေး အဆမတန် မြင့်တက်နေမှုနှင့်ပတ်သက်၍ ဒေါ်လာဈေး တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရမည့် အချက် ၇ ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီထံ တင်ပြထားကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။
မြင့်တက်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုနှစ်အတွင်း ထပ်မံ၍ စံချိန်တင်အမြင့်ဆုံးဈေးအဖြစ် တစ်ဒေါ်လာလျှင် ကျပ် ၁၅၈၀ သို့ ရောက်ရှိပြီး အခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းကျော်သို့ စံချိန်တင်ရောက်ရှိကြောင်း ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်များအတွင်းမှ သိရသည်။
အမေရိကန်ဒေါ်လာ ဈေးတက်ခြင်းနှင့် ထိုင်းနိုင်ငံမှ ဂက်စ်အဝင်နည်းမှုကြောင့် မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကြောင်း မီးဖိုချောင်သုံးဂက်စ် အိုးရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းများ မြင့်တက်နေသည့်အချိန်အခါတွင် ပုဂ္ဂလိကဘဏ်များ၏ အမေရိကန်ဒေါ်လာ ဝယ်ဈေး၊ ရောင်းဈေး ကွာဟချက်မှာ ဒေါ်လာဈေး တည်ငြိမ်နေစဉ် ယခင်ကထက် ပိုမိုများပြားကြောင်း ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ငွေလဲနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
20-Aug-2018 tagged as ဒေါ်လာဈေး
သွင်းကုန်နှင့်ထုတ်ကုန် အစွန်းမျှတစေရန်အတွက် ပြည်တွင်းတွင် သွင်းကုန် အစားထိုးနိုင်ရမည် သို့မဟုတ်ပါက ထုတ်ကုန်ကို မြှင့်တင်နိုင်ရမည်။ ထိုအချက်အတွက် အရေးကြီးသည်မှာ လက်ရှိအစိုးရအနေနှင့် စွမ်းအင်ပေါ်လစီ မချမှတ်နိုင်သေးပေ။ မြန်မာနိုင်ငံကို စွမ်းအင်ကဏ္ဍတွင် ကယ်ဆယ်ရန်မှာ သန့်စင်ကျောက်မီးသွေးမှတစ်ပါး အခြားမရှိပြီ။ ကရင်ပြည်နယ် ဝန်ကြီးချုပ်၏ထုံးတောင် ကျောက်မီးသွေး စီမံကိန်းကြီးမှာ ဝမ်းနည်းဖွယ်ရာ ငြိမ်သက်လျက် ရှိသည်။
18-Aug-2018 tagged as ဒေါ်လာဈေး
ဒေါ်လာက အရေးကြီးတယ်ဆိုရင်လည်း ကျပ်ငွေကို ဘာလို့ထုတ်နေတော့မလဲ ...။ ကျပ်ငွေထုတ်က တန်ဖိုးလည်းနည်းသေး။ ပြီးတော့ စက္ကူဈေးတွေ၊ မင်ဈေးတွေကလည်း ကြီးတယ်ဆိုလားပဲ။ အဲ့တော့ ကျပ်ငွေမထုတ်ဘဲ ဒေါ်လာပဲထုတ်ပေါ့။
18-Aug-2018 tagged as ဒေါ်လာဈေး
ပြောင်းလဲမှုကို လိုချင်သဖြင့် မဲပေးရွေးချယ်ခဲ့ကြသည့် ပြည်သူများ အနေနှင့်လည်း ထိုက်သင့်သည့်အချိန်တစ်ခုအရောက်တွင် ပြောင်းလဲသင့်သည်များကို အစိုးရတစ်ရပ်အနေနှင့် ပြောင်းလဲအောင် ဆောင်ရွက်ကြရတော့မည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အရေးကြီးသည့် စီးပွားရေးပြောင်းလဲမှု မဟာဗျူဟာကို ချမှတ်သည့် နိုင်ငံခေါင်းဆောင် (Policy Maker) များက မှန်မှန်ကန်ကန် ရွေးချယ်ချမှတ်တတ်ရမည်။
17-Aug-2018 tagged as ဒေါ်လာဈေး
ဒေါ်လာဈေးနှုန်းများမြင့်တက်နေ၍ နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေသည့်အတွက်​ ပြည်ပမှ ဒေါ်လာနှင့် ဝယ်ယူတင်သွင်းပြီး ပြန်​တင်​ပို့ခွင့်​လိုင်​စင်​ (Re-Export) ထုတ်​​ပေးမှုကို ယာယီရပ်​ဆိုင်းလိုက်​​ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
16-Aug-2018 tagged as ဒေါ်လာဈေး
အမေရိကန် ဒေါ်လာလဲနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ကာ တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ကျော်အထိ မြင့်တက်လာ သောကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများသို့ ပြောကြားသည်။