News

POST TAGGED AS

ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မြောက်ကိုရီးယားအရေးကိစ္စများတွင် အပြစ်ပုံချရန် အခြားတစ်ယောက် ထပ်မံရရှိသွားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပါလက်စတိုင်းများက ပယ်ချသည်ဟု ပြောဆိုခဲ့သည့်အတွက် သမ္မတထရမ့်သည် ရှက်စရာကောင်းသည်ဟု ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ပြောဆိုလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
14-Jan-2018 tagged as ဒေါ်နယ်ထရမ့်
ထရမ့်၏ “မသတီစရာမစင်တွင်းတိုင်းပြည်များ” ဆိုသော စကားအသုံးနှုန်းကြောင့် အာဖရိက နိုင်ငံများ မကျေမန်ပ် ဖြစ်နေကြပြီး ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည် ဟု Xinhua သတင်းဌာန တွင် ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြောင်း ရေးသားထားသည့် Fire and Fury အမည်ရ စာအုပ်သစ်တွင် ထရမ့်၏ စိတ်ကျန်းမာရေးအခြေအနေမှာ သံသယဖြစ်ဖွယ်ရှိသည်ဟု ဖော်ပြထားရာ ယင်းစာအုပ်သည် စိတ်ကူးယဉ်ဝတ္ထုသာဖြစ်ပြီး စာရေးဆရာမှာ လူလိမ်သာဖြစ်သည်ဟု ထရမ့်က တုံ့ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့နျူကလီးယားခလုတ် အရွယ်အစားအကြောင်း တွစ်တာတွင် ရေးသားခဲ့ခြင်းနှင့်ပတ်သက်ပြီး အိမ်ဖြူတော်က ခုခံပြောကြားခဲ့ပြီး အမေရိကန်ပြည်သူများအနေနှင့် သမ္မတထရမ့်ထက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ စိတ်ကျန်းမာရေးကိုသာ ပူပန်သင့်ကြောင်း တုံ့ပြန်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
မကြာသေးခင်ရက်ပိုင်းက ထွက်ရှိလာသော စာအုပ်တစ်အုပ်တွင် အိမ်ဖြူတော်ဝန်ထမ်းများက ဒေါ်နယ်ထရမ့်ကို ကလေးငယ်တစ်ဦးသဖွယ် ရှုမြင်ကြောင်းနှင့် ထရမ့်သည် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်မရှိသူတစ်ဦးဖြစ်ကြောင်း ရေးသားထားမှုနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ကာကွယ်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တွစ်တာလူမှုကွန်ရက် အသုံးပြုပြီး အင်အားသုံးအကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်နေသောကြောင့် သူ့အကောင့်ကို ပိတ်ပစ်သင့်သည်ဟု တောင်းဆိုမှုများ ပေါ်ထွက်လာချိန်တွင် တွစ်တာလူမှုကွန်ရက်က ထရမ့်ကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များ၏ တွစ်တာအကောင့်များကို အထူးအဆင့်အတန်းပေးထားသည်ဟု ပြန်လည်ဖြေရှင်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ဒေါ်နယ်ထရမ့်က သူ့နျူကလီးယား ပစ်လွှတ်တဲ့ခလုတ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ခလုတ်ထက် ပိုကြီးတယ်လို့ လေလုံးထွားလိုက်ပုံက အွန်လိုင်းလူမှုကွန်ရက်မှာ နောက်ပြောင်စရာ လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါတယ်။ ဒါပေမဲ့ တစ်ကယ်စိတ်ဝင်စားစရာကောင်းတာက အမေရိကန်သမ္မတမှာ အဲဒီလို နျူကလီးယားလက်နက် ပစ်လွှတ်နိုင်တဲ့ခလုတ်မျိုး တစ်ကယ်ရှိသလားဆိုတဲ့ အချက်ပါ။
04-Jan-2018 tagged as ဒေါ်နယ်ထရမ့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ နျူကလီးယား လက်နက်ပစ်လွှတ်သော ခလုတ်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ခလုတ်ထက် ပိုမိုပြီး အားကောင်းကြောင်း သူ့ထုံးစံအတိုင်း တွစ်တာလူမှုကွန်ရက်တွင် ပို့စ်ရေးသားတုံ့ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
28-Dec-2017 tagged as ဒေါ်နယ်ထရမ့်
ဂျေရုစလင်မြို့ဟောင်းတွင် မြေအောက် ရထားလမ်း ဖောက်လုပ်ရန်နှင့် အနောက်ဘက် တံတိုင်းအနီးမှ ဘူတာရုံကို ထရမ့်ဟု အမည်ပေးရန် အစ္စရေး ပို့ဆောင်ရေးဝန်ကြီးက ဆန္ဒရှိနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။