News

POST TAGGED AS

ဒေါ်နယ်ထရမ့်

ဖလော်ရီဒါပြည်နယ် စာသင်ကျောင်း သေနတ်ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသူများ၏ ဆွေမျိုးများ၊ အသက်ဘေးမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံရာ၌ ဆရာ၊ ဆရာမများအား သေနတ်ကိုင်ဆောင်ခွင့်ပြုမည့်ကိစ္စကို အလေးအနက်ထားပြီး စဉ်းစားသွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိပေးပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းမြို့ စာသင်ကျောင်းတွင် လူ ၁၇ ဦးသေဆုံးစေခဲ့သော သေနတ်ပစ်ခတ်မှုကြီးနှင့်ပတ်သက်၍ အမေရိကန် အက်ဖ်ဘီအိုင် (FBI) အဖွဲ့ကို သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
၂၀၁၆ အမေရိကန် သမ္မတရွေးပွဲတွင် ကြားဝင်စွတ်ဖက်မှုဖြင့် ရုရှား ၁၃ ဦးကို စွဲချက်တင်လိုက်ပြီဖြစ်ရာ FBI ၏ စုံစမ်းစစ်ဆေးမှုတွင် အဓိကကျသော တိုးတက်မှုတစ်ခုဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်တွင် ဧရာမစစ်ရေးပြပွဲကြီး ကျင်းပရန် သမ္မတဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
ရွှေ့ပြောင်းအခြေချမှုများကို ကိုင်တွယ်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် သဘောတူညီချက်မရပါက အစိုးရယန္တရားရပ်ဆိုင်းသည်ကိုသာ သဘောကျကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
သမ္မတထရမ့်ကို ဆန့်ကျင်ရပ်တည်သည်ဟု FBI ကို စွပ်စွဲထားသော ရီပတ်ဘလစ်ကန်တို့၏ မှတ်တမ်းကို ချေဖျက်နိုင်မည်ဟု ဒီမိုကရက်တို့က ပြောကြားသည့် ကန့်သတ်အဆင့်စာတမ်းတစ်ခုကို ထုတ်ပြန်ရန် တနင်္လာနေ့တွင် အောက်လွှတ်တော် ကော်မတီက တစ်ခဲနက် သဘောတူအတည်ပြုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ရုရှားတို့ ကြားဝင်ခြေရှုပ်မှုကို စုံစမ်းစစ်ဆေးနေသည့် အထူးကောင်စီကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်ဆိုသော အချက်ကို သမ္မတထရမ့်က ငြင်းဆိုလိုက်ပြီး နောက် အိမ်ဖြူတော်အကြံပေး ဒေါ်နယ်မက်ဂန်းက ငြီးငွေ့လာပြီဖြစ်သောကြောင့် အလုပ်ထွက်မည်ဟု ဇွန်လက ခြိမ်းခြောက်ခဲ့ကြောင်း အတွင်းသိတစ်ဦးက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
သမ္မတအဖြစ် အာဏာရရှိမှု တစ်နှစ်ပြည့်သွားသည့် ဒေါ်နယ်ထရမ့်ကို ကန့်ကွက်သည့် ဒုတိယအကြိမ် အမျိုးသမီးထု ချီတက်စုဝေးပွဲများကို စနေနေ့က အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့ရာ အမျိုးသမီးထောင်ပေါင်းများစွာနှင့် ၎င်းတို့၏ အမျိုးသားထောက်ခံသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
မွတ်ဆလင်လူများစု ခြောက်နိုင်ငံမှ နိုင်ငံသားများကို ပစ်မှတ်ထားသော ခရီးသွားပြည်ဝင်ခွင့် ပိတ်ပင်သည့်အမိန့် တရားဝင်၊ မဝင်ကို ဆုံးဖြတ်ရန် တရားရုံးချုပ်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သဘောတူလိုက်ခြင်းဖြင့် သမ္မတ၏ အခွင့်အာဏာနှင့် ပတ်သက်သော အကြီးစားအားပြိုင်ပွဲကို စတင်တာ လွှတ်လိုက်ပြီဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မြောက်ကိုရီးယားအရေးကိစ္စများတွင် အပြစ်ပုံချရန် အခြားတစ်ယောက် ထပ်မံရရှိသွားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြသည်။