News

POST TAGGED AS

ဒေါ်နယ်ထရမ့်

မြောက်ကိုရီးယားနိုင်ငံကယင်း၏ နျူကလီးယားစမ်းသပ်ရာနေရာကို ဖျက်ပစ်မည်ဟု ကတိကဝတ်ပြုထုတ်ဖော်ပြောဆိုပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကိုကျေးဇူးတင်သည်ဟု ထုတ်ဖော်ပြောကြားကြောင်း AFP သတင်းဌာနကရေးသားဖော်ပြသည်။
အမေရိကန်အပြာကား သရုပ်ဆောင် စတုန်မီဒန်နီယယ်သည် သမ္မတထရမ့်နှင့် အရှုပ်တော်ပုံကိစ္စ သတင်းကြီးနေစဉ်တွင် အမေရိကန်နာမည်ကျော် ရုပ်သံအစီအစဉ် Saturday Night Live တွင် အမှတ်မထင် ပါဝင်လာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ ဗင်နီဇွဲလားအစိုးရအပေါ် မှတ်ချက်များမှာ “လူမျိုးကြီးမူဝါဒများ” သာဖြစ်ပြီး ထရမ့်အာဏာရှင်အစိုးရ၏ ရန်လိုမှုသာဖြစ်သည် ဗင်နီဇွဲလားအစိုးရ မေလ ၆ ရက်နေ့တွင် တုံ့ပြန်ဝေဖန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့မှု (တွိဒ်) မှာ မိမိကို အသရေဖျက်ရာရောက်သည်ဟုဆိုကာ အပြာကားသရုပ်ဆောင် မင်းသမီး စတုန်မီဒန်နီယယ်က ထရမ့်ကို တရားစွဲဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်သည် ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဓာတုတိုက်ခိုက်မှုဖြစ်စဉ်အတွက် အမေရိကန်ပြည်ထောင်စုဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် အမြန်ဆုံးလုပ်ဆောင်သွားတော့မည်ဟု ကတိပြုပြောကြားလိုက်ကြောင်း BBC က ဖော်ပြထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာရှေ့နေက အပြာကား သရုပ်ဆောင်စတုန်မီဒန်နီယဲလ်စ်၏ တရားစွဲဆိုမှုကို အနုညာတ အငြင်းပွားမှုခုံရုံးသို့ ပြောင်းလဲစစ်ဆေးပေးပါရန် ပြည်ထောင်စုတရားသူကြီးတစ်ဦးထံ လျှောက်ထားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ဆောလျင်စွာ ရုပ်သိမ်းရေးလိုလားသည်ဟု သမ္မတဒေါ်နယ်ထရမ့်က ပြောကြားသွားသဖြင့် အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွချေမှုန်းရေး ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ယူဆထားသည့် ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် သဘောထားကွဲလွဲနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အပြာဇာတ်ကားသရုပ်ဆောင် စတုန်မီဒန်နီယယ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ရှေ့နေဖြစ်သူမိုက်ကယ်ကိုဟင်ကို အသရေဖျက်မှုဖြင့် ပြင်ဆင်တရားစွဲဆိုမှု ထပ်မံပြုလုပ်ခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆက်ဆံပတ်သက်မှုများအကြောင်း နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခံခဲ့ရကြောင်း အပြာကားဇာတ်ဆောင်မင်းသမီး စတုန်မီဒန်နီယယ်က မတ်လ ၂၅ ရက်နေ့တွင် နာမည်ကြီး ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါး အလွဲသုံးမှု ပျံ့နှံ့နေခြင်းကို တိုက်ဖျက်မည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တင်ပြသွားမည်ဖြစ်ပြီး မူးယစ်မှောင်ခိုများကို သေဒဏ်ပေးနိုင်ရေးလည်း ကြိုးပမ်းသွားမည်ဖြစ်သည်ဟု AFP သတင်းက ဖော်ပြသည်။