News

POST TAGGED AS

ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတထရမ့်၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က ထရမ့်နှင့် ပတ်သက်ခဲ့ဘူးသည်ဟု ပြောဆိုသော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းနှင့်ဆိုင် သောရပိုင်ခွင့်ကို ဝယ်ယူရန် နှစ်ဦးသားဆွေးနွေးနေမှုကို မှတ်တမ်းတင်ထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်တွင် သမ္မတထရမ့်က အမှားလုပ်ထားခြင်းမရှိဟု စနေနေ့က ငြင်းဆိုလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။
ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ရုရှားသမ္မတပူတင်နှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ရုရှားတို့ဝင်ရောက်စွက်ဖက်သည့် ကိစ္စနှင့်ပတ်သက်၍ ပြောဆိုခဲ့သော သုံးသပ်ချက်စကားနှင့်ပတ်သက်၍ သမ္မတထရမ့်က စကားမှားပြောမိသည်ဟုဆိုပြီး ပြန်လည်ပြင်ဆင်ပြောဆိုလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရာတွင် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများ ဝင်ရောက်ခြယ်လှယ်ခဲ့သည်ဟူသော အမေရိကန်ထောက်လှမ်းရေး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ် ဖော်ပြောဆိုခြင်းမရှိဘဲ ရုရှားနိုင်ငံကို အကာအကွယ်ပေးသည့်ပုံစံမျိုး ပြောဆိုခဲ့ သည့်အတွက် သမ္မတဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံရေးသမားများနှင့် မီဒီယာ များက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကြ ကြောင်း သတင်းဌာနများ၏ရေးသားဖော်ပြ ချက်အရ သိရသည်။
ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော်လည်း စကော့တလန်ပြည်ရှိ သူပိုင်အပန်းဖြေစခန်းတွင် ဂေါက်သီးရိုက် အပန်းဖြေဦးမည်ဖြစ်ကြောင်း BBC သတင်းဌာနကဖော်ပြသည်။
တင်းတင်းမာမာ ဖြစ်ကြမည်ဟု မျှော်လင့်ရသော နေတိုးထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဥရောပမဟာမိတ်များအား စစ်ဘက်ဆိုင်ရာ အသုံးစရိတ်နှင့် ပတ်သက်၍ ပြစ်တင်ကြိမ်းမောင်းနေမှုကို ရပ်ဆိုင်းရန် ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်ခ်က အမေရိကန်သမ္မတ ထရမ့်ကို အင်္ဂါနေ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတထရမ့်က ဘရက်ကာဗာနော့ကို အထက်ရုံးတရားသူကြီးအဖြစ် ရွေးချယ်လိုက်ပြီး အတည်ပြုရန် အကြိတ်အနယ်နွှဲရမည့်ပွဲကိုစီစဉ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် တက္ကသိုလ်များတွင် လူမျိုးကွဲပြားစုံလင်မှုကို အားပေးသည့် အိုဘားမားလက်ထက် မူဝါဒများကိုထရမ့် အစိုးရက ရုပ်သိမ်းရန် စီစဉ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
27-Jun-2018 tagged as ဒေါ်နယ်ထရမ့်
ဥရောပသမဂ္ဂ (အီးယူ) ၏ အခွန်စည်းကြပ်ကောက်ခံမှုကို ရှောင်ရှားနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုတွင်း တပ်ဆင်ထုတ်လုပ်မှုမပြုတော့ဘဲ အခြားနိုင်ငံတစ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေသည့် ကမ္ဘာကျော် ဟာလီဒေဗစ်ဆင် မော်တော်ဆိုင်ကယ်ကို သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်လိုက်ကြောင်း ဥရောပသတင်းဌာနများက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုထဲသို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများကို တရားရေးဆိုင်ရာလုပ်ငန်းစဉ်များ လုပ်မနေတော့ဘဲ ချက်ချင်းပင်လာရာဌာနေသို့ ပြန်ပို့သင့်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင်ပြောကြားပြီး ယင်းသို့ တရားမဝင် ဝင်ရောက်သူများသည် တိုင်းပြည်ကို ဖောက်ထွင်းရန်ကြိုးပမ်းနေသည့် ကျူးကျော်သူများနှင့်ပင်တူသည်ဟု သမုတ်လိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
မော်တော်ယာဉ်တင်သွင်းမှုသည် အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းရှိ၊ မရှိအမေရိကန် အစိုးရကစုံစမ်း စစ်ဆေးမှုစတင်ပြီးနောက် တစ်လအကြာတွင် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော ဥရောပထုတ်ကားများအားလုံးကို အခွန် ၂၀ ရာခိုင်နှုန်းချမှတ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။