News

POST TAGGED AS

ဒေါ်နယ်ထရမ့်

06-Nov-2016 tagged as ဒေါ်နယ်ထရမ့်
ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားပြု အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ဟာ စနေနေ့က ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲ တစ်ခုမှာ ပရိသတ်ထဲက လူတစ်ယောက်က သေနတ်လို့ ထအော်ခဲ့တာကြောင့် အထူးအေးဂျင့်တွေရဲ့ အကာအကွယ်နဲ့ စကားပြော စင်မြင့်ထက်ကနေ အလျင်စလို ဆင်းခဲ့ရပါတယ်။
31-Oct-2016 tagged as ဒေါ်နယ်ထရမ့်
အိန္ဒိယနိုင်ငံမှ ပညာရှင်များသည် ကွန်ပျူတာဉာဏ်ရည်တု (AI) စနစ် တီထွင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ ပြီးခဲ့သည့် သမ္မတ သုံးယောက်ကို အဖြေမှန် ရှာခဲ့ကြရာ၊ နောက်လာမည့် အမေရိကန် သမ္မတမှာ ဒေါ်နယ်ထရမ့်သာ ဖြစ်မည်ဟု ယင်းကွန်ပျူတာက အဖြေထုတ်ခဲ့ကြောင်း CNBC သတင်းတွင် ဖော်ပြထားသည်။
ပြိုင်ဘက် ဟီလာရီကလင်တန်၏ ဆီးရီးယားအရေး နိုင်ငံခြားရေး မူဝါဒကြောင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်သည်ဟု ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
24-Oct-2016 tagged as ဒေါ်နယ်ထရမ့်
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်သာ လိုတော့ချိန်တွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ပြိုင်ဘက် ဟီလာရီကလင်တန်ထက် နောက်ကျ ကျန်ရစ်နေပြီဟု ထရမ့်၏ မဲဆွယ်လှုပ်ရှားမှု မန်နေဂျာက ဝန်ခံခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူသမ္မတ ဖြစ်လာပါက ရက် ၁၀၀ အတွင်း လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်သည့် မူဝါဒမိန့်ခွန်းကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် သမိုင်းဝင် ဂတ်တီစဘာ့ဂ်ျမြို့တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။
အာရှပစ္စဖိတ်ဒေသမှ အမျိုးသမီးများက အမေရိကန်သမ္မတ မဲဆွယ်ပွဲတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှု ကိစ္စ ရှေ့တန်းရောက်လာခြင်းကို မနှစ်မြို့ကြောင်းနှင့် အမေရိကန်တွင် အမျိုးသမီးများ၏ ဒီမိုကရေစီနှင့် ရပိုင်ခွင့်များ တိုက်စားလာခြင်းကို ပြသနေကြောင်း ထုတ်ဖော် ပြောဆို လိုက်ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
19-Oct-2016 tagged as ဒေါ်နယ်ထရမ့်
ပေါက်ကြားခဲ့သည့် ဗီဒီယိုဖိုင်တွင် ပါရှိသော ထရမ့်၏ အမျိုးသမီးများနှင့် ပတ်သက်သည့် မှတ်ချက်များမှာ လက်ခံနိုင်ဖွယ် မရှိသော်လည်း ယင်းမှာ သူသိသော သူ့ခင်ပွန်း၏ လုပ်ရပ်အမှန်ကို ကိုယ်စားမပြု ဟု မယ်လာနီယာက ကာကွယ် ပြောဆိုခဲ့သည်။
ထရမ့် ရှေ့တန်းရောက်လာမှုသည် အမေရိကန် ပေါ်ပြူလာဝါဒ၏ လူမျိုးရေး- အမျိုးသားရေး ရေစီးအားကောင်းမှုကို ဖော်ပြလျက် ရှိသော်လည်း ထရမ့်၏ မဲဆွယ်စည်းရုံးမူတွင် အရေးပါသော အချက်တစ်ချက် ပျောက်ဆုံးလျက်ရှိသည်။ ထရမ့် ပြောကြားနေသည့် ပြည်သူဆိုသည်မှာ မည်သူကို ကိုယ်စားပြုသည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ ကြွယ်ဝမှုကို ခွန်အား၊ ဦးနှောက်တို့ဖြင့် ဖန်တီးခဲ့သည့် ကုန်ထုတ်လုပ်ရေး လူတန်းစားကို ပြည်သူ့ပါတီနှင့် ၎င်းတို့၏ မဟာမိတ်များက အားပေးခဲ့သည်။
15-Oct-2016 tagged as ဒေါ်နယ်ထရမ့်
လိင်ပိုင်းဆိုင်ရာ စော်ကားခံရကြောင်း စွပ်စွဲသည့် အမျိုးသမီးများ ထပ်မံပေါ်ထွက်လာမှုကြောင့် ဒေါ်နယ်ထရမ့်က သူ့ကိုယ်သူ ဓားစာခံဟု ဖြေရှင်းကာကွယ်ရန် သောကြာနေ့က ကြိုးစားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသမီးများကို နှိမ့်ချ စော်ကားသော ဗီဒီယို ပျံ့နှံ့သွားပြီးနောက် ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်က ၁၁ ရာခိုင်နှုန်း အသာစီး ရသွားသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော သဘောထား စစ်တမ်းတွင် တွေ့ရှိရကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။