News

POST TAGGED AS

ဒေါ်နယ်ထရမ့်

နည်းပညာလောကတွင် ဦးဆောင်နေသူများ စားပွဲဝိုင်း ဆွေးနွေးပွဲ တက်ရောက်ရန် ဒေါ်နယ်ထရမ့် ဆင့်ခေါ်
ဝါရှင်တန်၊ ဒီဇင်ဘာ ၈

အမေရိကန်သမ္မတ ရွေးကောက်ပွဲ အကြိုကာလများတွင် နည်းပညာရပ်ဝန်းမှ ပညာရှင်များသည် ဒေါ်နယ်ထရမ့်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ကြပြီးနောက် မပြေမလည် ဖြစ်နေခဲ့ကြရာက လာမည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် နည်းပညာလောက၏ ဦးဆောင်နေသူများနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရန် ဆင့်ခေါ်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။ 

နည်းပညာရပ်ဝန်း ဖြစ်သည့် ဆီလီကွန်တောင်ကြား ဒေသသည် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့်ကို ရွေးချယ်ထားသည် ဆိုကတည်းက သူ၏ စည်းလွတ်ဘောင်လွတ် ပြောဆိုတတ်သည့် စကားများကို မကြိုက်သည့်အပြင်၊ နည်းပညာလောကကို အထင်မကြီး ဆန့်ကျင်ကြောင်း အပြောများကြောင့် ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။ 

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံရသူ ထရမ့်က သမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်ချိန်၌ မည်သည့်လမ်းကြောင်းဖြင့် ခရီးဆက်မည်ကို တွေ့ဆုံဆွေးနွေးရန် နည်းပညာလောက ထိပ်ပိုင်းတာဝန်ရှိသူများကို နယူးယောက်တွင် လာရောက်ရန် ဆင့်ခေါ်ထားခြင်း ဖြစ်သည်။ 

တွေ့ဆုံဆွေးနွေးရာတွင် မည်သည့်ကိစ္စများကို တိုင်ပင်ဆွေးနွေးမည် ဆိုသည့် အစီအစဉ်ကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း သမ္မတ အိုဘားမားနှင့် ဆီလီကွန်တောင်ကြား ရပ်ဝန်းမှ နည်းပညာ ထိပ်တန်းပုဂ္ဂိုလ်များ တွေ့ဆုံလေ့ရှိသော အစီအစဉ်မျိုးကဲ့သို့ မဖြစ်နိုင်ကြောင်း New York Times တွင် ရေးသားထားသည်။ 

အနာဂတ်တွင် နည်းပညာဖြင့် တိုင်းပြည်ကို ထူထောင်ရန် ကြိုးစားနေချိန်တွင် နည်းပညာအပေါ် ပျက်စီးစေမည့် အယူအဆများ ဒေါ်နယ်ထရမ့်ဘက်မှ လေသံလွှင့်နေခြင်းက စိတ်ဝမ်းကွဲစေကြောင်း၊ နည်းပညာနှင့် သိပ္ပံပညာရှင်များ၏ ထရမ့်အပေါ် ကန့်ကွက်ချက်များကလည်း ကျဆုံးမှုတစ်ခုကို ဦးတည်စေနိုင်ကြောင်း ထရမ့်ကို ထောက်ခံသူများက ပြောကြားကြသည်။

ထရမ့်နှင့် နည်းပညာရှင်များ ပြန်လည်ပေါင်းစည်းနိုင်ရေးကို ဦးဆောင်ကြိုးပမ်းနေသူမှာ ဘီလီယံနာ သူဌေးကြီး တစ်ဦးလည်း ဖြစ်၊ တီထွင်ပညာရှင်ကြီးလည်း ဖြစ်သည့် ပီတာသေးလ်ဖြစ်ပြီး ယင်းသည် င်္ Facebook တွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

E01



FOLLOW US