News

POST TAGGED AS

ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့် အမေရိကန် ရွှေမြန်မာများ၏ မဲတစ်ပြား
ဆောင်းဦးကိုကို ဘာသာပြန်ဆိုသည်

အမေရိကန်နိုင်ငံတွင် အမေရိကန် နိုင်ငံသား မြန်မာလူမျိုးများ အနည်းငယ်သာ ရှိသော်လည်း လာရောက်နေထိုင်ကြသူများ ဆက်လက်တိုးပွားလျက်ရှိပြီး ၎င်းတို့ထဲမှ အမေရိကန် နိုင်ငံသား ဖြစ်လာသူများက မိခင်မြန်မာနိုင်ငံ၏ အတွေ့အကြုံများသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အမေရိကန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မဲပေးမှုအပေါ် အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်ဟု ဆိုသည်။ 

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ လွန်ခဲ့သည့် ၁၀ နှစ် ကျော် ကတည်းက ခိုလှုံဝင်ရောက်နေထိုင်သူ ၁၆၀,၀၀၀ ဦး ရှိသည်ဟု ဆိုသည်။ မကြာမီကာလက ရောက်ရှိလာသည့်သူများ အတွက်တော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲထက် ပိုပြီး အရေးတကြီး စိုးရိမ်ရသည့် ကိစ္စများမှာ အင်္ဂလိပ်စာ သင်ကြားရေး သို့မဟုတ် နေထိုင်စားသောက်မှု အဆင်ပြေရေးတို့ပင် ဖြစ်သည်။ 

အမှတ်ရစရာများ

မဖြူဖြူလှိုင်သည် ဒေါ်နယ်ထရမ့်ကို ကြည့်သည့်အခါ ယောက်ျားတစ်ယောက်ထက် ပိုသည်ဟုမြင်ပြီး နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သူ့အား မဲထည့်လိမ့်မည် မဟုတ်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကလေးနှစ်ယောက်၏ မိခင်တစ်ဦးလည်း ဖြစ်သည့် မဖြူဖြူလှိုင် အတွက်တော့ ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်း ထရမ့်၏ ပုံစံမှာ သူ ယခင်က ကြုံတွေ့ခဲ့ရသည့် နာကြည်းဖွယ် အတိတ်ကို ပြန်လည်သတိရစေသည်ဟု ဆိုသည်။ 

“မြန်မာနိုင်ငံလို နိုင်ငံမျိုးမှ ရောက်လာတဲ့ ကျွန်မလိုလူအတွက် ဒေါ်နယ်ထရမ့်ကို တွေ့ရတဲ့အခါ စစ်တပ်ပုံစံ ခေါင်းဆောင်မှုကို သတိရစေတယ်” ဟု ၁၉၈၃ တပ်မတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့် မဖြူဖြူလှိုင်က ဆိုသည်။ 

“ထရမ့်က ချမ်းသာချင်ရုံ သက်သက်ပါ။ ပြီးတော့ အမေရိကန်မှာ မလိုအပ်တဲ့သူတွေကို ဖယ်ရှားပစ်မယ်လို့လည်း ပြောဆိုထားတဲ့သူပါ” ဟု ကယ်လီဖိုးနီးယား ပင်လယ်အော် နေရာရှိ မြန်မာလူမှုအသိုင်းအဝိုင်း၌ မြန်မာလူမျိုးများအရေး တက်ကြွစွာ လှုပ်ရှားနေသည့် မဖြူဖြူလှိုင်က သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် တစ်နှစ်နီးပါးက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပခဲ့ရာ တစ်နိုင်ငံလုံးအနှံ့ အနိုင်ရခဲ့သောပါတီမှ အစိုးရ ဖွဲ့နိုင်ခဲ့ခြင်းကြောင့် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးမှ ပထမဦးဆုံး အရပ်သားအစိုးရ တက်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသား မဖြူဖြူလှိုင်မှ ထရမ့်သည် အမေရိကန်နိုင်ငံတွင် ဝင်ရောက်ခိုလှုံနေထိုင်သူများကို ထွက်သွားခိုင်းရန် အစီအစဉ် ရှိနေသည်ဟု ဆိုသည်။ 

“သူပြောတဲ့အရာ၊ သူလုပ်တဲ့အရာတွေက တစ်နေ့ ကျွန်မ မြန်မာနိုင်ငံကို ပြန်ကောင်းပြန်ရလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုမျိုး တကယ်ကို ဖြစ်စေတယ်” ဟု ဖြူဖြူလှိုင်က ဆိုသည်။ 

မကြာမီက မြန်မာနိုင်ငံမှ အမေရိကန်သို့ ရောက်လာကြသော မြန်မာများသည် ထရမ့်အပေါ် ထိုကဲ့သို့ ဆန့်ကျင်သည့် အမြင်များ ရှိနေကြသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျောင်းတက်နေသည့် မထက်ဝင့်ကဲ့သို့သော မြန်မာများသည်  အရှေ့တောင်အာရှ နိုင်ငံများ၏ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်စေရန် ကူညီခဲ့သည့် ထရမ့်၏ ပြိုင်ဘက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒီမိုကရက်တစ်ပါတီမှ ကလင်တန်ကိုတော့ သဘောကျကြောင်း ထုတ်ဖော်ပြောဆိုသည်။ 
“မြန်မာနိုင်ငံ အကြောင်းကို တကယ်သိတဲ့သူ အမေရိကန်သမ္မတ ဖြစ်လာရင်တော့ အရမ်းကို အကူအညီရမှာပဲလို့ ကျွန်တော်ထင်တယ်” ဟု မထက်ဝင့်က ဆိုသည်။ 

ဟီလာရီကလင်တန်သည် ၂၀၁၁ တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် လွတ်မြောက်ခါစ ကာလတုန်းက သူမနှင့် တွေ့ဆုံခဲ့ဖူးသည်။ 

ဗိုလ်ချုပ်များက ဒီမိုကရေစီနိုင်ငံရေးစနစ် တဖြည်းဖြည်း အသွင်ပြောင်းလဲချိန်တွင် ကလင်တန်သည် သူတို့အပေါ် အမေရိကန်နိုင်ငံမှ ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားရေး မူဝါဒကို အဓိက တွန်းအားပေးခဲ့သည့် သူများထဲမှ တစ်ဦးဖြစ်သည်။

ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ၏ တိုးတက်မှုမှာ သူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်က ရရှိခဲ့သည့် အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ဂုဏ်ယူစွာ ပြောဆိုလျက်ရှိသည်။ သူ၏ ၂၀၁၄ မှတ်တမ်းတွင်လည်း သူမသည် မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး အားထုတ်မှုများကို အလေးထား ဆောင်ရွက်ခဲ့သည်ဟု ရေးသားထားသည်။ 

မြန်မာနိုင်ငံသည် ယခုအချိန်ထိတိုင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အခြေအနေများမှာ တိုးတက်ကောင်းမွန်လာခဲ့ပြီး မြန်မာများသည် အနည်းဆုံးတော့ အောင်မြင်မှုအချို့မှာ ဟီလာရီ၏ အားထုတ်ကြိုးပမ်းမှုကြောင့် ဖြစ်သည်ဟု အသိအမှတ်ပြုကြသည်။
 
“ဟီလာရီကလင်တန်က မြန်မာအစိုးရ အပြောင်းအလဲ ဖြစ်လာအောင် အဓိက အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားခဲ့တာပါ” ဟု မထက်ဝင့်က ဆိုသည်။

ဟီလာရီအတွက် အောင်မြင်မှုလား

သို့သော် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုသည် ကလင်တန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့စဉ်တုန်း က အမှန်တကယ် အောင်မြင်ခဲ့သည့် နိုင်ငံခြားရေး မူဝါဒပင်လောဟု မေးစရာ ရှိလာပါသည်။

တကယ့်လက်တွေ့မှာတော့ ယင်းထက် ပိုမိုရှုပ်ထွေးပါသည်ဟု Brookings Institution မှ မြန်မာ့အရေးကျွမ်းကျင်သူ လတ်စ်ရီဖယ်မှ ဆိုသည်။ 

“ကျွန်တော့်အနေနဲ့တော့ အရမ်းရှုပ်ထွေးတဲ့ အခြေအနေများထဲမှ အကြောင်းတစ်ခု၊ နိုင်ငံတစ် နိုင်ငံ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကြောင့် ဖြစ်သွားရတယ်ဆိုတဲ့ ကောက်ချက်မျိုးပေးဖို့ အတွက် ပြဿနာရှိတယ်” ဟု ရီဖယ်က ဆိုသည်။ 

“ဟီလာရီကလင်တန်နဲ့ အိုဘားမားတို့ရဲ့ ပြန်လည်စေ့စပ်ခြင်း မဟာဗျူဟာဟာ အပေါင်းလက္ခဏာ ရှိတဲ့ အကျိုးသက်ရောက်မှုများ ရှိခဲ့ပါတယ်။ တကယ်တမ်း ချီးကျူးဂုဏ်ပြုမှုနဲ့ ထိုက်တန်တဲ့ သူတွေကတော့ မြန်မာပြည်သူတွေနဲ့ အပြောင်းအလဲကို စတင်ခွင့်ပြုခဲ့တဲ့ စစ်တပ်ခေါင်းဆောင် အချို့ကိုပါပဲ” ဟု သူက ဆိုသည်။ 

ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုသည် အမေရိကန် မဲဆန္ဒရှင် ပြည်သူများ၏ စိတ်အပေါ် အများကြီး လွှမ်းမိုးမှုရှိမှာ မဟုတ်ဘူးဟု ရီဖယ်က ခန့်မှန်းသုံးသပ်သည်။ 

အမေရိကန်နိုင်ငံသား မြန်မာလူမျိုးများ အတွက်တော့ ဟီလာရီ၏ လုပ်ဆောင်ချက်အပေါ် ချီးကျူးဂုဏ်ပြုကြသည်။ VOA မှ အမေရိကန်နိုင်ငံသား မြန်မာလူမျိုးများနှင့် အင်တာဗျူးများစွာ ပြုလုပ်ခဲ့ရာ သူတို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဟီလာရီ၏ လုပ်ဆောင်ချက်ကို ထောက်ခံကြောင်းနှင့် အထူးသဖြင့် သူမနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးကို အားရကြောင်း ဆိုသည်။ 

ရှေးရိုးစွဲအမြင်များ

လက်တွေ့တွင်တော့ အမေရိကန်နိုင်ငံသား မြန်မာလူမျိုးများ၏ နိုင်ငံရေးအမြင်များကို သဘောထားစစ်တမ်း ကောက်ယူထားမှု မရှိသည့်အတွက် သူတို့သည် ဒေါ်နယ်ထရမ့်ကို ထောက်ခံသလား၊ ဟီလာရီ ကလင်တန်ကို ထောက်ခံသလား ဆိုခြင်းကိုမှု တိတိကျကျ သိနိုင်ရန် ခက်ခဲပါသည်။ မနီးယိုးစွဲ သဘောထားအမြင် ကောက်ခံမှုဆိုလို့ အင်ဒီယားနားပြည်နယ်ရှိ အမေရိကန်နိုင်ငံသား မြန်မာလူမျိုးများ အသိုက်အဝန်း အင်စတီကျူ့က ယခုနှစ်တွင် သုတေသန ပြုလုပ်ခဲ့သည့် နိုင်ငံ့အရေးကိစ္စ ပါဝင်မှုနှင့် ပတ်သက်၍ လေ့လာချက်တစ်ခု ရှိပါသည်။

စိတ်ဝင်စားစရာ လေ့လာချက်များ ပြုလုပ်ခဲ့သည့် စာရေးသူများက အမေရိကန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းသည် လူမှုရေးနှင့် အခြားသော ပြည်တွင်းရေးရာ ကိစ္စရပ်များတွင် ရှေးရိုးစွဲအမြင်များ ရှိသည်ဟု ကောက်ချက်ချသည်။ အကြောင်းမှာ အမေရိကန်နိုင်ငံရှိ မြန်မာအများစုသည် ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်ကြသည့်အပြင် မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံခြင်း ခံရသည့် ရှေးရိုးစွဲ တိုင်းရင်းသား လူနည်းစုများ ဖြစ်ကြသည်ဟု စစ်တမ်းက ဆိုသည်။ 

“သူတို့ရဲ့အမြင်များဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အတွေးအခေါ်နဲ့ ပိုတူနေပါတယ်။ ဒါပေမဲ့ အခု ထရမ့် နဲ့ကျတော့ သူတို့အတွက် ခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်သွားစေတာပဲ” ဟု BACI ၏ အမှုဆောင်ဒါရိုက်တာ အယ်လီစာဗန်နီက ပြောကြားသည်။ 

Ref: VOA News



FOLLOW US