News

POST TAGGED AS

ဒေါပုံ

20-Jun-2018

လူသတ်မှု ဒေါပုံ
ဒေါပုံတွင် ဇနီးကို ခင်ပွန်းက ရဲတင်းဖြင့် ခုတ်သတ်
ရန်ကုန်၊ ဇွန် ၁၉ 

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက အသက် ၄၆ နှစ်အရွယ်ရှိ ဇနီးဖြစ်သူကို ၎င်း၏ ခင်ပွန်းဖြစ်သူက ရဲတင်းဖြင့်ခုတ်သတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။ 

လူသတ်မှုကျူးလွန်ခဲ့သည့် အသက် ၄၇ နှစ် ခင်ညိုမှာ ယင်းနေ့က နေ့အိမ်ရှေ့ ဧည့်ခန်းတွင် အိပ်နေသည့် ၎င်း၏ဇနီးကို ရဲတင်းဖြင့် ဆင့်ခုတ်ခဲ့ပြီးနောက် သမီးဖြစ်သူကိုအသိပေး၍ ရဲတပ်ဖွဲ့ထံတွင် အဖမ်းဆီးခံခဲ့သည်။ 

“အခင်းဖြစ်နေအိမ်မှာ ပြစ်မှုကျူးလွန်သူရယ် သေဆုံးသူရယ်နဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူတို့ အတူနေထိုင်ကြတယ်။ ပြစ်မှုကျူးလွန်သူက သူ့သမီးအိမ်သာတက်နေချိန်မှာ သူ့မိန်းမကို ရဲတင်းနဲ့ ခုတ်သတ်လိုက်တာ။ ပြီးတော့မှ အိမ်သာတံခါးသွားခေါက်ပြီး လူမှုရေးဖောက်ပြန်တဲ့ နင့်အမေကို အဖေသတ်လိုက်ပြီလို့ လာပြောတာ”ဟု အမှုဖွင့်တိုင်ကြားချက်အရ ရဲအရာရှိက ရှင်းပြသည်။

ရဲတင်းဖြင့် ခုတ်သတ်ခံရသည့် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးမှာ မျက်နှာ၊ လည်ပင်းနှင့် နားထင်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ခင်ညိုကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




FOLLOW US