News

POST TAGGED AS

ဒေါက်တာအေးမောင်

ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားနေ့ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၆ ၌ ကျင်းပရာတွင် ဒေါက်တာ အေးမောင်နှင့် ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောချက်များအပေါ် ပုဒ်မ ၁၂၂ ဖြင့် အရေးယူနိုင်ရန် စစ်တွေဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးက စစ်တွေမြို့နယ် တရားရုံးထံ ဦးတိုက် လျှောက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က ဥပဒေဘောင်အတွင်းမှနေ၍ ကူညီပေးသွားမည်ဖြစ်ကြောင်း ယင်းပါတီ ဒုဥက္ကဋ္ဌ - ၂ ဒေါ်အေးနုစိန်က ပြောကြားသည်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဖမ်းဆီးခြင်းမခံရခင် ယနေ့ (ဇန်နဝါရီ ၁၈ ရက်) မွန်းလွဲ ပိုင်းကစစ်တွေမြို့ အိုးတန်းရပ်ကွက် ရွှေဘန်းလမ်းရှိ သူ၏နေအိမ်တွင် တွေ့ဆုံမေးမြန်းထားသည့် ရုပ်သံ အင်တာဗျူး။ (အင်တာဗျူး အပြည့်အစုံကို မနက်ဖြန်ထွက်ရှိမည့် The Voice Daily သတင်းစာတွင် ဖော်ပြပါရှိမည်)
အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ယနေ့မွန်းလွဲ ၁ နာရီခန့်က နေအိမ်ရှေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
၂၀၁၁ ခုနှစ်က ဒုတိယသမ္မတလောင်းအဖြစ် စာရင်းပေါက်ခဲ့ဖူးသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံခဲ့ရသည့် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အနေနှင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရာ နိုင်ငံတော်၏ ဥပဒေပြုရေးကဏ္ဍအပြင် အစိုးရကို ထိန်းကျောင်းနိုင်သည့် လွှတ်တော်နိုင်ငံရေးနှင့် ကင်းကွာခဲ့ရသည်။
ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဦးစားပေး မဲဆွယ်လျက်ရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
လာမည့် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို လက်မခံကြောင်း သဘောထားလက်မှတ်များ ကောက်ခံ၍ ကန့်ကွက်ထားကြောင်း အဆိုပါ ကန့်ကွက်မှုကို ဦးဆောင်သူတစ်ဦး ဖြစ်သည့် ဦးမင်းလှိုင်က ပြောကြားသည်။
၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသည့် အမ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာတွင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဗဟိုကော်မတီနှင့် ဒေသခံများက ရွေးချယ်ခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ အနေဖြင့် နိုင်ကိုနိုင်ရမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။