News

POST TAGGED AS

တောရိုင်းတိရစ္ဆာန်

ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှုလုပ်ငန်းဖြစ်သည့် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်နေမှုကို တိုက်ဖျက်ရေးအတွက် ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူ ရုပ်ရှင်ရိုက်ကူးသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း စီစဉ်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ် ၂ ရပ်ကွက်နှင့် တံတားဦးကျေးရွာရှိ နေအိမ်တို့မှ တောရိုင်းတိရစ္ဆာန်များ၏ အရေခွံ၊ ဦးခေါင်းချို၊ ခြေသည်းလက်သည်း၊ အစွယ်များအပါအဝင် လက်ရိုး၊ အစာအိမ်နှင့် သည်းခြေစသည့်တို့ကို ဖမ်းဆီးရမိသဖြင့် ဇွန်လ ၁၀ ရက်နေ့က အမှုဖွင့်ထားကြောင်း ကြံခင်းမြို့နယ်၊ သစ်တောဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုမှာ ရှစ်နှစ်တာကာလအတွင်း အကောင် ၂၀၀ ကျော်ရှိကြောင်း မြန်မာအစီအစဉ်မှ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။
“မြန်မာအစိုးရအနေနဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်နေတာကို ပိတ်သိမ်းပေးဖို့ကို တိုက်တွန်းပါတယ်”
အေးရှားဝေါလ်ဆိပ်ကမ်း အပါအဝင် ရန်ကုန်နှင့်နေပြည်တော် လေဆိပ်များ၌ မတ်လ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အထိမ်းအမှတ် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုရပ်တန့်ရေး ပညာပေးလှုပ်ရှားရန် မိုမိုတို့၏ ရင်တွင်းစကားသံနှင့် အေးရှားဝါလ်ကုမ္ပဏီက စီစဉ်လျက်ရှိကြောင်း မိုမိုတို့၏ ရင်တွင်းစကားသံ (Voice Of Momos) က သတင်းထုတ်ပြန်သည်။