News

POST TAGGED AS

တောရိုင်းတိရိစ္ဆာန်

မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမဝင် ရောင်းချနေမှုများကို ဖမ်းဆီးလျက် ရှိသော်လည်း ဖမ်းဆီးရမိမှု မရှိဘဲ လွတ်မြောက်သွားသည်မှာ ဖမ်းဆီးရမိမှုထက် နှစ်ဆကျော်ရှိနိုင်ကြောင်း မန္တလေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။
သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့သည့် နိုင်ငံအဆင့် ကျားထိန်းသိမ်းရေး စီမံချက် (၂၀ဝ၃) ကို လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိစေပြီး လိုက်လျောညီထွေ ပြင်ဆင်နိုင်ရေးအတွက် အသစ်ပြန်လည် ရေးဆွဲမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပြေးဆွဲနေသော ခရီးသည်ယာဉ်များတွင် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းနှင့် အစိတ်အပိုင်းများ မသယ်ဆောင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို ဧပြီလဆန်းမှ စတင်ကာ လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် နေထိုင်ကျက်စားသော ရွှေသမင်ကောင်ရေမှာ ယခင်နှစ်ထက် အကောင် ၃၀ဝ ကျော် တိုးလာကြောင်း
"မြန်မာ့သားငှက် တိရစ္ဆာန်တွေနဲ့ သဘာဝအမွေအနှစ်တွေ ဘေးကင်းလုံခြုံ ဖို့ ခရီးရှည်လျှောက်လှမ်းရဦးမှာ။ ဒါက အစခြေလှမ်းကောင်းတစ်ခုပဲ ရှိပါသေးတယ်"