News

POST TAGGED AS

တောဆင်ပေါက်

တိုက်ကြီးတွင် တောဆင်ရိုင်းတစ်ကောင် အသတ်ခံရ


တိုက်ကြီး၊ ဧပြီ ၄ 

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တောင်လှိုင်ရိုးမ သစ်တောကြိုးဝိုင်းအကွက် အမှတ် (၂၃) ဂျိုးဖြူ ရေလှောင်ကန်အနီးတွင် ဧပြီလ ၃ ရက်နေ့၌ အသက် ၄၅ နှစ်ခန့်ရှိ တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောသည်။

တောဆင်ရိုင်း သေဆုံးနေမှုကို ဒေသခံများ သတင်းပေးချက်အရ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ နှာမောင်း၊ အစွယ်နှင့် အရေခွံများ မရှိကြောင်း၊ ယင်းတောဆင်ရိုင်း သေဆုံးသည်မှာ ၁၅ ရက်ခန့် ရှိနေပြီဖြစ်ကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးသိန်းသန်းထွန်းက ပြောသည်။ 

သေဆုံးသောဆင်မှာ ၈ ပေ အမြင့်ရှိပြီး အလျား ၁၁ ပေ ၅ လက်မ၊ လုံးပတ် ၇ ပေ ၄ လက်မရှိကြောင်း၊ ဆင်အသတ်ခံရမှုကြောင့် တောဆင်ရိုင်းတိရစ္ဆာန် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇ (က) ဖြင့် အမှုဖွင့်ထားကြောင်း ဥက္ကံနယ်မြေ ရဲစခန်းထံမှ သိရသည်။ 

R-19



FOLLOW US