News

POST TAGGED AS

တောဆင်ရိုင်း

06-Nov-2017

တောဆင်ရိုင်း
လှည်းကူးတွင် တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံရ

လှည်ကူး၊ နိုဝင်ဘာ ၆

လှည်းကူးမြို့နယ် ကျောက်ချောရွာအရှေ့မြောက်ဘက် သဲကောချောင်းနှင့် ဝါးတလက်ချောင်းအဆုံတွင် သတ်ဖြတ်ခံရပြီး အရေပြားများ ခွာယူခံထားရသည့် တောဆင်ရိုင်းတစ်ကောင် နိုဝင်ဘာ ၅ ရက်က တွေ့ရှိရကြောင်း လှည်ကူးသစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးနေသည့် တောဆင်ရိုင်းသည် အမြင့် ၅ပေ၊ ၈လက်မခန့်၊ ခန္ဓာကိုယ် လုံးပတ် ၁၀ ပေခွဲခန့်၊ နှာမောင်းအရှည် ၄ ပေခွဲခန့်၊ ရှေ့ခွာ၊ နောက်ခွာအချင်း ၉ လက်မခန့်နှင့် အမြီးလုံးပတ် ၇ လက်မခန့်၊ အရှည် ၃ ပေခန့်ရှိ ဟိုင်းဆင်အမျိုးအစား အထီးဖြစ်ပြီး လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက သေဆုံးနေသည်ဟု ယူဆရကြောင်း ဆင်ဆရာဝန် ဦးဖြိုးသူအောင်က ပြောကြားသည်။

လှည်းကူးမြို့နယ်တွင် ၂၀၁၆ ခုနှစ်က တောဆင်ရိုင်း ငါးကောင် သေဆုံးပြီး ယခုနှစ်တွင် ယခုတောဆင်ရိုင်း သေဆုံးမှုသည် ပထမဦးဆုံးအကြိမ် အသတ်ခံရခြင်းဖြစ်ကြောင်း သာယာဝတီမြို့နယ် သစ်ထုတ်လုပ်ရေး ဦးစီးဌာန ဆင်ဆရာဝန် ၎င်းက ရှင်းပြသည်။

မြန်မာ့တောဆင်ရိုင်းများ ပျောက်ကွယ်သွားနိုင်သည့် အခြေအနေကို တားဆီးရပ်တန့်နိုင်ရန် “မိုမိုတို့အတွက် ရင်တွင်းစကားသံ” အသိပညာပေး လှုပ်ရှားမှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နိုဝင်ဘာလ ၄ ရက်မှစ၍ ယနေ့ (နိုဝင်ဘာ ၆ ရက်)အထိ သုံးရက်ကြာ ပြုလုပ်နေသည်။

R-19



FOLLOW US