News

POST TAGGED AS

တောဆင်ရိုင်း

တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင် ကျေးရွာတွင် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်က တောဆင်ရိုင်း အုပ်စုလိုက် ဝင်ရောက်ကာ ဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄၀ နှင့် အိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ကြီးမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများ၏ ကြံစိုက်ခင်းများ၊ စပါးစိုက်ခင်းများနှင့် ရွာအတွင်းသို့ တောဆင်ရိုင်းများ အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးနေမှုကြောင့် မြိုင်ဟေဝန်ဆင်စခန်းမှ သစ်ထုတ်လုပ်ရေး ဆင်များဖြင့် ၎င်းတို့ကို မောင်းထုတ်နေရကြောင်း ဖလုံးဘူတာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးသွင်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး သစ်တောကြိုးဝိုင်းများအတွင်းမှရရှိသည့် တောဆင်ရိုင်းပေါက်အမနှစ်ကောင်ကို ရန်ကုန်- မန္တလေး အမြန်လမ်း ၃၉ မိုင်ရှိ ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးစခန်းသို့ စက်တင်ဘာလ ၁၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် မြစ်တရာ ကြိုးဝိုင်းတွင် သြဂုတ်လ ၂၁ ရက်မှစတင်ကာ မြန်မာသစ်လုပ်ငန်းမှ ဆင်မောင်းအဖွဲ့ (ကွန်ဂျီ) က သစ်တောကြိုးဝိုင်းထဲ ရောက်နေသော တောဆင်ရိုင်းများကို အစာရေစာ ပေါများသည့် တောအတွင်းသို့ မောင်းထုတ်နေကြောင်း ငရုတ်ကောင်း ဒေသခံများထံမှ သိရသည်။
16-Aug-2017 tagged as တောဆင်ရိုင်း
ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းများ အသတ်ခံရမှု လျော့ကျစေရေးအတွက် တောဆင်ရိုင်း သတ်ဖြတ်မှုများကို သတင်းပေးနိုင်သူကို ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့မှ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြောသည်။
11-Aug-2017 tagged as တောဆင်ရိုင်း
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သစ်တောများအတွင်း တောဆင်ရိုင်းများအား သတ်ဖြတ်နေသူ နှစ်ဦးကို ကျုံကူးဒေသ ပုသိမ် မော်တင်ကားလမ်းတွင် သြဂုတ်လ ၉ ရက်က ဖမ်းဆီးရမိထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
23-Apr-2017 tagged as တောဆင်ရိုင်း
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ တောင်ကလေး ကျေးရွာအုပ်စု ဆင်ကူးကုန်းရွာ (ရွာဟောင်း) တွင် ဧပြီလ ၂၂ ရက်က တောဆင်ရိုင်းနင်း၍ လူတစ်ဦး သေဆုံးခဲ့ပြီး ထပ်မံရန်ပြုမည်စိုး၍ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ဘေးကင်းရာသို့ အရေးပေါ် ပြောင်းရွှေ့ထားကြောင်း သာပေါင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။
08-Mar-2017 tagged as တောဆင်ရိုင်း
တိုက်ကြီးမြို့ အရှေ့ဘက် ၅ မိုင်ခန့်ဝေးတဲ့ လှိုင်ရိုးမတောင်ပေါ်က သစ်တောကြိုးဝိုင်း တစ်ခုထဲမှာ မတ်လ ၆ရက်နေ့ နံနက်ပိုင်းက တောဆင်ရိုင်း အထီးတစ်ကောင် မြားဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။
08-Jan-2017 tagged as တောဆင်ရိုင်း
ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း အသက် ၁၂ နှစ်အရွယ် တောဆင်ရိုင်းတစ်ကောင် ပုပ်ပွ သေဆုံးနေပြီး အစွယ်နှင့် နှာမောင်း အဖြတ်ခံထားရကြောင်း ဥက္ကံမြို့ သစ်တော ဦးစီးဌာန တောအုပ် ဦးသက်နိုင်ဦးက The Voice သို့ ပြောကြားသည်။
07-Nov-2016 tagged as တောဆင်ရိုင်း
တောဆင်ရိုင်းမှာ ချောင်းရေစီးနှင့်အတူ မျောပါလာဟန်ရှိပြီး ဆင်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများတွင် ခြေထောက်တစ်ချောင်းနှင့် ကိုယ်တစ်ခြမ်းသာ တွေ့ရကြောင်း ချောင်းစောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလင်းက ပြောကြားသည်