News

POST TAGGED AS

တောင်လေးလုံး

တောင်လေးလုံးဆရာတော် အောက်မေ့ဖွယ်အခမ်းအနားကျင်းပမည်
မန္တလေး၊ ဧပြီ ၂၈

အမရပူရမြို့ တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ရဟန်းစာဆို၊ အမျိုးသားစာပေဆုရှင်၊ စာရေးဆရာ ကိုပညာ (အမရပူရ) လွန်တော်မူခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ယင်း ကျောင်းတိုက်၌ ဧပြီလ ၂၉ ရက် (ယနေ့) ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဆရာတော် သံဃာတော်များကို ဆွမ်းကပ်လှူခြင်း၊ စာရေးဆရာများက အမှတ်တရစကား ပြောကြားခြင်း အစီအစဉ်များ ပါဝင်မည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

တောင်လေးလုံးကျောင်းတိုက်တွင် ဆရာတော်ရေးသားခဲ့သော အဖိုးတန်စာမူများ၊ စုဆောင်းခဲ့သော စာအုပ်များ၊ ဆရာတော် သီတင်းသုံးခဲ့ပြီး ခန္ဓာဝန်ချခဲ့ရာ တောင်လေးလုံး ကျောင်းတိုက်၏ သမိုင်းဆိုင်ရာ၊ အကြောင်းခြင်းရာများ ပါဝင်မည်ဖြစ်ကာ တောင်လေးလုံး စာကြည့်တိုက်နှင့် ပြတိုက်တည်ထောင်မည်ဟု ၎င်းတို့က ပြောဆိုသည်။

တောင်လေးလုံးကျောင်းတိုက် ဆရာတော် အရှင်ပညာဇောတ (စာရေးဆရာ ကိုပညာ-အမရပူရ) သည် ၁၉၅၅ ခုနှစ်တွင် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင် ကိုပညာ (အမရပူရ) ဟူသော ကလောင်ကို ထူထောင်ခဲ့ရာမှ ၁၉၉၆ ခုနှစ်တွင် အမျိုးသားစာပေဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဆရာတော်သည် စာပေအနုပညာများကို ဖန်တီးနေစဉ် ၂၀၁၂ ခုနှစ်တွင် အယ်ဇိုင်းမားရောဂါကို စတင်ခံစားခဲ့ရကာ ယင်းနှစ် မေလ ၂၁ ရက်နေ့ သက်တော် ၈၄ နှစ်၊ ဝါတော် ၆၄ နှစ်တွင် ပျံလွန်တော်မူခဲ့ပြီး အန္တိမဈာပနကို မေလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

M-01
 



FOLLOW US