News

POST TAGGED AS

တောင်သူ

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ် ပြန်မဆပ်သော တောင်သူများ သတ်မှတ်ကာလကျော်လွန်ပြီး ပြန်မဆပ်ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။
ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆီစက်လုပ်ငန်းများနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများကို ကျပ် ၂၅ ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
ကျောက်ဆည်မြို့နယ် ဆူးလေ ကုန်းကျေးရွာအုပ်စုအတွင်း သိမ်းဆည်းခံထားရသော လယ်မြေများပေါ်၌ ဇွန်လအတွင်း ဝင်ရောက်ထွန်ယက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လေးဆယ်ကုန်းအုပ်စုမှ ဒေသခံအချို့က ပြောကြားသည်။
၂၀၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှ စတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးသည့် ဝိုင်းကြီးချုပ်စနစ်ကို ပယ်ဖျက်ပြီး တောင်သူတစ်ဦးချင်းကိုသာ စိုက်ပျိုးစရိတ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲမှ မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် ရွာတန်းရှည်ကျေးရွာ၌ မေလ ၆ ရက်နေ့တွင် ထန်းနှင့် ဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ထန်းတက်တောင်သူဘဝမြှင့်တင်ရေး လက်မှုပညာ ရက်တိုသင်တန်းဖွင့်မည်ဖြစ်ကြောင်း တော်ဝန်ထန်းအဖွဲ့ထံမှ သိရသည်။
ငွေဆောင်မြို့ရှိ အုန်းခြံတောင်သူများက ဧရာဝတီတိုင်းအစိုးရ၏ အတွင်းရေးမှူးဟောင်းနှင့် ငွေဆောင်မြို့ မြေစာရင်းဦးစီးနှင့် လုပ်ငန်းရှင်နှစ်ဦးတို့ကို ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုထားမှု တိုင်ကြားခံရသူများ စုံလင်စွာမရောက်လာသဖြင့် ဧပြီလ ၂၃ ရက်သို့ ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ် အိုင်ဇောက်ကျေးရွာဘက်ကမ်းရှိ မြေနုကျွန်းကို ရာသီချိန်အမီ လုပ်ကိုင်ခွင့်ပြုရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း မြေယာမဲ့တောင်သူများက ပြောကြားသည်။