News

POST TAGGED AS

တောင်သူ

ပုသိမ်တွင် ဆိုင်ကယ်နှင့်ကားတိုက် အထည်ချုပ်လုပ်သားသုံးဦး သေဆုံး
 ပုသိမ်၊ မတ် ၁

ပုသိမ်မြို့ ပုသိမ်လေတပ်စခန်းဌာန ချုပ်အနီး ပုသိမ် - ချောင်းသာကားလမ်းမပေါ်တွင် မတ်လ ၁ ရက် နံနက်ပိုင်းက ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိရာမှ ဆိုင်ကယ်စီးလာသည့် အထည်ချုပ်လုပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းထံမှ သိရသည်။

နံနက် ၇ နာရီဝန်းကျင်အချိန်က ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီး မျက်နှာချင်းဆိုင်အနေအထားဖြင့် တိုက်မိရာ ဆိုင်ကယ်စီးလာသည့် ဒေါင်းလောင်း အထည်ချုပ်စက်ရုံမှ ဝန်ထမ်းအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဒေါင်းလောင်း အထည်ချုပ်စက်ရုံဝန်ထမ်း ကိုခွန်မောင်ဦး (၂၁ နှစ်) မောင်းနှင်ပြီး စက်ရုံဝန်ထမ်းများဖြစ်သော မနော်မူးဂေးဖေါ (၂၁ နှစ်)၊ နော်စေးကဖော (၂၀ နှစ်) တို့ လိုက်ပါလာသည့် ဆိုင်ကယ်နှင့် တစ်ဖက်ယာဉ်လမ်းကြောင်းမှ ဦးဖြိုးသီဟကျော် လိုက်ပါလာသော တိုယိုတာပရိုဘောက်စ်ယာဉ်တို့ တိုက်မိခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ဆိုင်ကယ်က ရှေ့ကားကို ကျော်ရာမှ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်ကို တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးလာသူ သုံးဦး သေဆုံးသည်ဟု သိရကြောင်း၊ ယင်းကြောင့် ဆိုင်ကယ်မောင်းသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း ပုသိမ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

R-12



FOLLOW US