News

POST TAGGED AS

တောင်သူလယ်သမား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် စခန်းကြီးကျေးရွာမှ တောင်သူများ စုပေါင်း၍ မိမိပိုင် လယ်ယာမြေပေါ်တွင် ကျူးကျော်စိုက်ပျိုးနေမှု ဖြေရှင်ပေးရေး ယနေ့ (မေလ ၁ ရက်) နံနက် ၁၁ နာရီခန့်က ကလေးမြို့တွင် ဆန္ဒပြခဲ့ကြောင်း ပါဝင်သူ ဦးအောင်ကျော်မိုးက ပြောကြားသည်။
မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ကာ ပြည်မြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ခင်း ဧက ၄၀ ကျော် ပျက်စီးခဲ့ကြောင်း ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ စိုက်ပျိုးစရိတ် ချေးယူထားသော တောင်သူများသည် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် ကျပ်ဘီလီယံ ၃၀ဝ ကျော်ရှိ
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် အစိုးရသစ် လက်ထက်တွင် ဖြစ်ပေါ်လာမည်ဟု တူညီသော် မျှော်လင့်ချက်တစ်ခု ရှိသည်။ နိုင်ငံ၏ အဓိကသွေးကြော ဖြစ်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူ ထိုသူတို့က အစိုးရသစ် လက်ထက်တွင် ဆီကို ရေချိုးဆေးရိုးမီးလှုံ စပါးတောင်လိုပုံပမာ ဖြစ်လာမည်ဟု မျှော်လင့်ကြသည်။
ကျိုင်းတုံမြို့တွင် စိုက်ပျိုးစရိတ်များ ထုတ်ချေးယူနိုင်ရေးအတွက် ဘာသာလေးမျိုးပါသော လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ အသိပညာပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသရှိ ကိုင်းစိုက်တောင်သူများအနက် အစေ့ထုတ်ပြောင်း စိုက်ပျိုးသည့် တောင်သူဦးရေ ၈၀ ရာခိုင်နှုန်းခန့်၏ စိုက်ဧကများ ပျက်စီးဆုံးရှုံးနေကြောင်း ကိုင်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။
ပြည်သူအများစုက မျှော်လင့်ခဲ့ရသည့် NLD အစိုးရလက်ထက်တိုင် လယ်သမားများ မိမိကိုယ်ကိုယ် သတ်သေခြင်း၊ အစုလိုက်အပြုံလိုက် ထောင်ကျခြင်းတို့အပြင် လယ်သမားများ ကြွေးနွံနစ်နေခြင်းတို့သည် လက်ရှိ မြန်မာ့စိုက်ပျိုးရေး၏ မြေပြင်ပကတိ အရှိတရားများပင် ဖြစ်သည်။
ပို့ကုန်သွင်းကုန် ပမာဏ ကွာခြားချက်ကို လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထက်ဝက်ခန့်အထိ လျှော့ချနိုင်ရန်အတွက် လယ်ယာကဏ္ဍ ချေးငွေထောက်ပံ့မှုကို ကျပ်ဘီလီယံ ၁၇၀ဝ အထိ သုံးစွဲမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာမှ တောင်သူ ၇၂ ဦးကို တပ်ပိုင်မြေအတွင်း ကျူးကျော် ဝင်ရောက်မှုဖြင့် ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) မွန်းလွဲက တောင်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်လစီ ကျခံရန် အမိန့် ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ပြောင်းလဲချိန်တန်ပြီ ဆိုသည့် ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း မပြောင်းလဲသေးသည်က လယ်သမားတို့၏ ဘဝများ ဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများ၏ ‘တောင်သူဦးကြီးများ’ ဟု ဂုဏ်ပြုခံခဲ့ရသည့် လယ်သမား လူမွဲများမှာ ယနေ့အချိန်ထိ ပြောင်ပြောင်ရောင်ရောင် မရှိကြသေးပေ။ လယ်သမားများ၏ ဘဝများနည်းတူ မပြောင်းလဲသည့် အစဉ်အလာ တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အခြားမဟုတ်။ စပါးပေါ်ချိန် စပါးဈေးနှုန်းများ ကျဆင်းလေ့ ရှိခြင်းပင် ဖြစ်သည်။