News

POST TAGGED AS

တောင်သူလယ်သမား

မြေယာအရေး လှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့ပါဝင်သည့် ဒို့မြေကွန်ရက်က မန္တလေး မြို့တော်၌ ဖွင့်ထားသော တောင်သူသပိတ်စခန်း ဖြိုခွင်းခံရမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် နေထိုင်သော ၁၂ နှစ် အရွယ်ရှိ သတ္တမတန်း ကျောင်းသားတစ်ဦးကို မြို့နယ်တရားရုံးက ဇူလိုင်လ ၂ ရက် နေ့တွင် ဝရမ်းထုတ်ကာ ဆင့်ခေါ်ခဲ့ကြောင်း ယင်းကျောင်းသား မိသားစုဝင်များထံမှ သိရသည်။
အခွန်စည်းကြပ်ရလောက်သော ဝင်ငွေမရှိသည့် ဝင်ငွေနည်းပါးသူများသည် အခွန်ကင်းလွတ်ခွင့်ရမည် ဖြစ်သော်လည်း ယခုနောက်ဆုံး ထုတ်ပြန်လိုက်သော အခွန်ဆိုင်ရာ အမိန့်ကြော်ငြာစာကြောင့် ဝင်ငွေနည်းပါးသော တောင်သူလယ်သမားများပါ အခွန်ဆောင်ရမည့် ကိန်းဆိုက်သွားသည်။
မြန်မာ့သမိုင်းတွင် ပြန်ကြည့်ပါက အစိုးရ အဆက်ဆက် အမတော်ကြေးနှင့် တာဝန်ကျေ စပါး မဖြစ်မနေ ရောင်းချခဲ့ရသော တောင်သူလယ်သမားများမှာ ခေတ်အဆက်ဆက် အခွန်တာဝန် အကျေပွန်ဆုံး ဖြစ်သော်လည်း လူဦးရေ အချိုးအများဆုံး၊ အဆင်းရဲဆုံး၊ ဖိနှိပ်မှု အမျိုးမျိုးဒဏ် အခံရဆုံးနှင့် အခွင့်အရေးရရှိမှု အနည်းဆုံး၊ အစိုးရက ဖြည့်ဆည်းပံ့ပိုးမှု အနည်းဆုံး ဖြစ်ခဲ့ခြင်းကို သတိပြုသင့်လှသည်။
လယ်ယာထွက်သီးနှံများ ရောင်းချရာမှ ရရှိသော ဝင်ငွေအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို လယ်သမားများထံမှ ကောက်ခံမည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို လိမ်ညာထုတ်ယူသူများနှင့် တာဝန်ရှိသူတို့၏ တာဝန်မဲ့ မမှန်မကန် လုပ်ဆောင်မှုများအား တိကျစွာ တိုင်ကြားရန်နှင့် ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ အစီအစဉ်တွင် ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း နေထိုင်ကြသည့် လယ်မဲ့ ယာမဲ့ တောင်သူဦးရေ ၁၀ဝ ကျော်အတွက် လယ်ဧက ၃၀၅ ဧကကို အခမဲ့ ပေးအပ်ခဲ့ကြောင်း
မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာများအထိ ဆင်းပြီး မေလ ၂၃ ရက်တွင် မြို့နယ်အလိုက် စတင်ထုတ်ချေးပေးမည် ဖြစ်သည်။
တစ်ဧက အထွက်နှုန်းတိုးပြီး တောင်သူများ ဝင်ငွေတိုးစေရန်အတွက် ၂၀၁၇ ခုနှစ် မိုးစပါးရာသီမှစကာ အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို စပါးစိုက်ဧကပေါင်း သုံးသိန်းခန့် တွင်ကျယ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် စခန်းကြီးကျေးရွာမှ တောင်သူများ စုပေါင်း၍ မိမိပိုင် လယ်ယာမြေပေါ်တွင် ကျူးကျော်စိုက်ပျိုးနေမှု ဖြေရှင်ပေးရေး ယနေ့ (မေလ ၁ ရက်) နံနက် ၁၁ နာရီခန့်က ကလေးမြို့တွင် ဆန္ဒပြခဲ့ကြောင်း ပါဝင်သူ ဦးအောင်ကျော်မိုးက ပြောကြားသည်။