News

POST TAGGED AS

တောင်သူလယ်သမား

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပေါ် နောင်ပတ္တရာကျေးရွာ ဘူတာရုံအနီးရှိ မီးရထားပိုင်မြေကို လွန်ခဲ့သည့်သုံးနှစ်ကျော်က ဒေသခံတစ်ဦး ပိတ်ဆို့ကာ လယ်ယာလုပ်ကိုင်နေသည့်အတွက် ဒေသခံများက ဖြေရှင်းပေးရန် သက်ဆိုင်ရာထံ တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းချိန်ကာလတွင် ဝယ်ယူသူမရှိသလောက် နည်းပါးခြင်းနှင့် စပါးဈေးနှုန်းကျဆင်းခြင်းတို့ ကြုံတွေ့နေရကြောင်း မိုးစပါး စိုက်တောင်သူများက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တတောကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ ကွင်းအမှတ် ၄၆၅ ခ/ ၃ ၊ မြေမှာ သက်ဆိုင်ရာက စိစစ်လျက်ရှိသော်လည်း မြင့်ကုမ္ပဏီက လမ်းဖောက်လုပ်နေမှုအပေါ် ဒေသခံတောင်သူများက ကန့်ကွက်တားမြစ်လျက် ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှ စွန့်လွှတ်ထားသော မြေယာများမှာ မူလပိုင်ရှင်များထံ ပြန်ပေးရန် ကြန့်ကြာနေမှုများနှင့် ပတ်သက်၍ တိုင်းအစိုးရက အထူးစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေး သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အိုင်စောက် ကျေးရွာဒေသခံ တောင်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို သိမ်းဆည်းထားသည့် တောင်ငူလေတပ် စခန်းဌာနချုပ်က ခြံစည်းရိုး ကာရံခြင်းကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူ ၁၀ ဦးကို တရားစွဲထားသည့် အမှုတွင်မှ နိုဝင်ဘာလ ၁၇ ရက်က တောင်ငူခရိုင် တရားရုံးက တောင်သူများ၏ အာမခံ ရုပ်သိမ်းခဲ့ရကြောင်း ယင်းတောင်သူများထံမှ သိရသည်။
တောင်သူလယ်သမားများအတွက် လယ်ယာသုံး စက်ကိရိယာနှင့်ပတ်သက်သည့် အချက်အလက်များကို အွန်လိုင်းမှ အလွယ်တကူ သိရှိနိုင်ရန်အတွက် “စက်မှု လယ်ယာ”Android Mobile Application တစ်ခု ထွက်ရှိပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုဟ်ဆည်မှ ယခုနှစ် မိုးရာသီကာလ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ဧက ၃၄၀ဝ ကျော် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့သော်လည်း သတ်မှတ်ချက်ကို မပြည့်မီသေးကြောင်း ကလေးခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောကြားသည်။
ထားဝယ်တွင် မြေယာပြဿနာနှင့် ပတ်သက်ပြီး ဆန္ဒပြမည့်သူများကို အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က တားမြစ်သည့်အတွက် ဆန္ဒပြမည့် အစီအစဉ် ပျက်သွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့သော ဒေသခံ တောင်သူ တစ်ရာကျော်သည် လယ်ယာမြေ အစားထိုးမြေဧက ၁၉၀ဝ ပြန်ရရန် စက်တင်ဘာလ ၂၉ ရက်နေ့က ဝမ်ပေါင် ကုမ္ပဏီရှေ့သို့ သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
လာမည့် ဆောင်းအကုန်ပိုင်း (ပြာသို၊ တပိုတွဲ)ထွက်မည့် ပဲစင်းငုံများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး သတ်မှတ်ဈေးနှုန်းတစ်ရပ်ဖြင့် ဝယ်ယူနိုင်ရန် ရန်ပုံငွေ ထူထောင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။