News

POST TAGGED AS

တောင်သူလယ်သမား

အစိုးရကူညီမှုရရှိရေး များစွာသော အိန္ဒိယလယ်သမားများဆန္ဒပြ


မွန်ဘိုင်း၊ မတ် ၁၄

အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းသို့ သောင်းပေါင်းများစွာသော လယ်သမားများချီတက်လာခဲ့ကာ လယ်သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြထားသည်။

လယ်သမားများက တောင်းဆိုရာတွင် ချေးငွေတိုးပေးရေး၊ သီးနှံဈေးကောင်း ရရှိရေးနှင့် လယ်ယာမြေပိုင်ဆိုင်ခွင့်တို့အတွက် ဖြစ်ကြသည်။

လက်ရှိဖြစ်ခဲ့သော လူအင်အား သောင်းပေါင်းများစွာ ပါဝင်သော အစုလိုက်အပြုံလိုက် ဆန္ဒပြပွဲကြီးကြောင့် အိန္ဒိယလယ်ယာမြေကဏ္ဍတွင် စိုက်ပျိုးရေးလောကတွင် မကျေနပ်မှုများ ပေါက်ကွဲနေပြီကို ပြသနေလျက်ရှိသည်။ 

အနီရောင်ဦးထုပ်များဆောင်းကာ တံစဉ်အလံများကို သယ်ဆောင်လာသော လယ်သမားများသည် ခြောက်ရက်ကြာ လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။

အများစုမှာ ငွေကြေးနွမ်းပါးသော လယ်သမားများဖြစ်ကြပြီး မွန်ဘိုင်းမြို့ အခြေစိုက် မဟာရက်သျှရာပြည်နယ် လွှတ်တော်ကိုဝိုင်းထားရန် စီစဉ်လျက်ရှိသည်။ လယ်သမားများထဲမှ အတော်များများသည် မတ်လ နေအပူချိန်အောက်တွင် ခြေဗလာဖြင့် လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။ 

စိုက်ပျိုးစရိတ်၊ သီးနှံထုတ်လုပ်စရိတ်၏ တစ်ဆခွဲခန့် ဝင်ငွေရရှိအောင် ဖန်တီးပေးရန် လယ်သမားများက လိုလားလျက်ရှိပြီး ချေးငွေတိုးပေးခြင်းကို တောင်းဆိုထားကြသည်။

ဆန္ဒပြသူအများသည် မျိုးရိုးစဉ်ဆက် ရိုးရာ ဓားမဦးချမြေများတွင် လယ်လုပ်လာကြသူများဖြစ်ကြကာ ဥပဒေအရ အဆိုပါ မြေများကို ၎င်းတို့ မပိုင်ကြပေ။ ထို့ကြောင့် ပိုင်ဆိုင်ခွင့်ကိုလည်း တောင်းဆိုလျက် ရှိကြသည်။ 

လယ်သမားများ၏ တောင်းဆိုချက်များကို စဉ်းစားရန် လိုလားပါကြောင်းနှင့် အဖြေရှာရန် ကြိုးစားလျက်ရှိကြောင်း မဟာရက်သျှရာပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒါဗင်ဒြာ ဖက်နာဗစ်စ်က ၎င်းတို့အစိုးရအနေနှင့် လယ်သမားများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅ ဘီလီယံဖိုးရှိ ချေးငွေအစီအစဉ်ကို ပြင်ဆင်နေသည်ဟု ပြီးခဲ့သည့်နှစ်အတွင်း ပြောကြားခဲ့သည်။ 

မဟာရက်သျှရာပြည်နယ်သည် အိန္ဒိယ၏ စိုက်ပျိုးရေးပြည်နယ်များထဲမှ တစ်ခုဖြစ်ပြီး ရာသီဥတုမမှန်၍ သီးနှံများပျက်စီးခဲ့ရာ ပြီးခဲ့သည့် တစ်နှစ်တည်းတွင်ပင် ပြည်နယ်အတွင်းရှိ လယ်သမား ၂၅၀၀ သေကြောင်း ကြံစည်သွားခဲ့ရသည်။ 

F-02




FOLLOW US