News

POST TAGGED AS

တောင်သူလယ်သမား

ဝေါမြို့တွင် မီးရထားပိုင်မြေကို လယ်လုပ်မှု ဖြေရှင်းပေးရန် ဒေသခံများတောင်းဆို
တောင်ငူ၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပေါ် နောင်ပတ္တရာကျေးရွာ ဘူတာရုံအနီးရှိ မီးရထားပိုင်မြေကို လွန်ခဲ့သည့်သုံးနှစ်ကျော်က ဒေသခံတစ်ဦး ပိတ်ဆို့ကာ  လယ်ယာလုပ်ကိုင်နေသည့်အတွက် ဒေသခံများက ဖြေရှင်းပေးရန် သက်ဆိုင်ရာထံ တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ လမ်းပိတ်ဆို့မှုကို အကြိမ်ကြိမ်တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း၊ မိုးစပါးပေါ်ချိန်တွင် လယ်ထဲမှစပါး အိမ်သို့ရောက်ရန် တစ်လကျော်လောက် စောင့်ရကြောင်း၊ ဒေသခံများက ပလပ်မြေအဖြစ် သတ်မှတ်ပေးရေးအတွက် သက်ဆိုင်ရာထံ တင်ပြထားကြောင်း နောင်ပတ္တရာကျေးရွာနေ ဒေါ်ခင်ကြွယ်က ပြောသည်။

အဆိုပါ မြေနေရာသည် မြန်မာ့မီးရထားလုပ်ငန်းပိုင် နောင်ပတ္တရာ ဘူတာရုံမြေအဖြစ် သတ်မှတ်ထားသည့် မြေနေရာဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်ခန့်က စတင်ကာ ဒေသခံအမျိုးသမီးတစ်ဦးက စပါးစိုက်ပျိုးခြင်း၊ မတ်ပဲစိုက်ပျိုးကာ အနီးတစ်ဝိုက်လယ်ယာမြေများမှ ကုန်ထုတ်လမ်း ထွက်ပေါက်ပိတ်ဆို့ခဲ့ခြင်းကြောင့် ဝေါမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

ပိတ်ဆို့ထားသောနေရာကို ကနဦး ပေ ၇၀ ပေးမည်ဟု ပြောဆိုသော်လည်း ဒေသခံများက ပေ ၅၀ သာပေးရန် ပြောသော်လည်း မပေးကြောင်း၊ ထို့ကြောင့် မီးရထားပိုင်မြေကို ပလပ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း ဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

ကုန်ထုတ်လမ်းပိတ်ဆို့ကာ လယ်ယာမြေ လုပ်ကိုင်နေသည်ဟုဆိုသော ဒေသခံများ၏ တိုင်ကြားစာနှင့်ပတ်သက်၍ ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းထံ ဒီဇင်ဘာလ ၃၁ ရက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။  

R-15



FOLLOW US