News

POST TAGGED AS

တောင်ငူ

26-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များတွင် မိုးတွင်းကာလတစ်လျှောက် ကုန်အဝင် အထွက် ကျဆင်းခဲ့သည် သာမက ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင်လည်း ကုန်အဝင်အထွက် ပုံမှန်ထက် ကျဆင်းလျက်ရှိကြောင်း တောင်ငူမြို့ခံ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်ကြီးများထံမှ သိရှိရသည်။
24-Oct-2017 tagged as တောင်ငူ
တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလမှစတင်၍ သုံးကြိမ်တိုင်တိုင် စစ်တောင်းမြစ်ရေ ကြီးခဲ့မှုကြောင့် မြေအနေအထားအရ မတ်ပဲစိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံ တောင်သူကြီးများက ပြောကြားသည်။
24-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အစပ်တွင် တည်ဆောက်ခဲ့သည့် ပသိဆည်စီမံကိန်းကြောင့် သိမ်းဆည်းခဲ့သည့် မြေယာဧက ၃၀,ဝ၀ဝ ကျော်အနက် ပိုလျှံသောမြေများကို မူလပိုင်ရှင်များက ခြံစည်းရိုးခတ်ကာ ပြန်လည် လုပ်ကိုင်မည်ဖြစ်ကြောင်း ရှောက်ပင်ချောင်း ကျေးရွာအုပ်စု နံ့သာကုန်းကျေးရွာရှိ မြေသိမ်းခံတောင်သူများက ပြောကြားသည်။
20-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၄ ရပ်ကွက် ကောင်စီရုံးရှေ့တွင် အမှိုက်ပုံ မဟုတ်ဘဲနှင့် အမှိုက်လာပုံနေခြင်းကို ကန့်ကွက်သည့်အနေဖြင့် အုန်းငှက်ပျော၊ အမွှေးတိုင် ဖယောင်းတိုင်များဖြင့် ကန်တော့ တောင်းပန်ခဲ့သည်။
19-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ကုန်တင်ယာဉ်ကြီးများကို ဝင်ထွက်ခွင့် ကန့်သတ်ခဲ့သည့်အတွက် ကုန်တင်ကုန်ချ ကားဝင်းတစ်ခု တည်ဆောက်ပေးရန် လယ်ယာမြေနှင့် အခြား မြေယာများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီထံ တင်ပြထားကြောင်း တောင်ငူမြို့ခံ၊ ကုန်တင်ယာဉ် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
19-Oct-2017 tagged as တောင်ငူ
မြေမြှုပ်မိုင်းအန္တရာယ်နှင့် အမြဲကြုံတွေ့နေရလေ့ရှိသည့် ကျောက်ကြီးမြို့နယ်၊ မုန်းဒေသတစ်ဝိုက်တွင် ယင်းပြဿနာကို ဖြေရှင်းရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း ကျောက်ကြီးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက ပြောကြားသည်။
18-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် လွန်ခဲ့သည့် သုံးနှစ်ကျော်က မီးလောင်ခဲ့သည့် တောင်ငူမြို့မဈေးကြီးကို အသစ် ပြန်လည် တည်ဆောက်ရန် ယခုလအတွင်း တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လှုမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က ပြောကြားသည်။
16-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသည့်အတွက် ဒေသခံလူဦးရေ ၆၀ဝ ကျော်မှာ ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း အဆိုပါ စခန်းတာဝန်ရှိသူများထံမှ သိရသည်။
တောင်ငူမြို့နယ် အမှတ် ၈ ရပ်ကွက် AGD ဘဏ်ရှေ့တွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို စစ်ဆေးခဲ့ရာမှ အောက်တိုဘာလ ၁၀ ရက်က ငွေသားအချို့နှင့် ဖုန်းနှစ်လုံးပါသည့် လက်ကိုင်အိတ်ကို လုယက်ခဲ့သူဖြစ်ကြောင်း တောင်ငူခရိုင် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်တင်ဦးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် စစ်တောင်းမြစ်ရေသည် အောက်တိုဘာလ ၁၄ ရက်က မြို့၏ စိုးရိမ်ရေမှတ် ၆၀ဝ စင်တီမီတာ အထက်သို့ ယခုနှစ်အတွင်း တတိယအကြိမ် ကျော်လွန် ရောက်ရှိခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။