POST TAGGED AS

တောင်ငူ

ပဲခူးတိုင်း တောင်ငူကုန်စိမ်းဈေးကွက်သို့ ဝင်ရောက်လာသော အုတ်တွင်းဒေသထွက် ပန်းမုန်လာများမှာ ယခုရက်ပိုင်းအတွင်း ဈေးတက်နေကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။
30-Dec-2017 tagged as တောင်ငူ
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်း ဒေသရဲစခန်းအနီး ဘော်လီဘောကွင်းတွင် ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်က ဘော်လီဘော ပုတ်ကစားသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လဲကျရာမှ သေဆုံးခဲ့ကြောင်း မုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာ ကော်မတီနှစ်ခုက ပြင်ဆင်ရေးဆွဲထားသည့် ရေချိုငါးဖမ်းလုပ်ငန်း ဥပဒေမူကြမ်းတွင် အင်းအိုင်မြစ်ချောင်းများတွင် အခွန်လွတ် ငါးဖမ်းဆီးခွင့်ရရှိမည့် ငါးဖမ်းကိရိယာများကို ထည့်သွင်းရေးဆွဲထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲဝင်းနိုင်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ခိုးဝင်ဘင်္ဂါလီရှစ်ဦးကို အိမ်၌လက်ခံခဲ့သော မှုခင်းသတင်းထောက်တစ်ဦးနှင့် နယ်မြေခံ သတင်းထောက်တစ်ဦးတို့ကို လဝကအက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖဒိုနယ်မြေ ရဲစခန်းထံမှ သိရသည်။
25-Dec-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် သပြေလှရွာအနီး မင်းဝံတောင်ရိုးရှိ ကျောက်ထုတ်လုပ်ငန်းများမှာ အစိုးရသစ်လက်ထက်တွင် တင်ဒါဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်နေရကာ အမြတ်အစွန်း နည်းပါးသော်လည်း အရောင်းအဝယ် မြင့်တက်နေကြောင်း ကျောက်လုပ်ငန်းရှင်များက ပြောကြားသည်။
23-Dec-2017 tagged as တောင်ငူ
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စုရှိ ဝါးတီးရွာအပါအဝင် ရွာသုံးရွာခန့်မှာ နိုဝင်ဘာလဆန်းမှစတင်ကာ စစ်တောင်းမြစ်ကမ်းပါးပြိုနေကြောင်း ဝါးတီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်သောင်းက ပြောကြားသည်။
22-Dec-2017 tagged as ပဲခူး တောင်ငူ
ပဲခူးတိုင်း တောင်ငူမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ နေပြည်တော်ကောင်စီ လယ်ဝေးမြို့ဘက်မှ စက်ရိုက်အုတ်အချို့ ဝင်ရောက်လာသဖြင့် ဒေသထွက် လက်အုတ်အရောင်းအဝယ်များ အေးစက်နေကြောင်း ဒေသခံအုတ်လုပ်ငန်းရှင်များထံမှ သိရသည်။
17-Dec-2017 tagged as ပဲခူး တောင်ငူ
ပဲခူးမြို့တွင်း လမ်းမများပေါ်တွင် ခရီးသည်တင်ဆောင်ကာ ပြေးဆွဲမောင်းနှင်သော သုံးဘီးဆိုင်ကယ်များကို တိုင်းအစိုးရက ဟိုက်ဂျက်ယာဉ်ဖြင့် လဲလှယ်ပေးမည့် အစီအစဉ်ကို လက်မခံကြောင်း သုံးဘီးဆိုင်ကယ်သမားများက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာတွင် ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) ညပိုင်းက နတ်သံကွင်း ပျံကျဈေးရှိ ဆိုင်ခန်း ၁၆၀ ခန့် မီးလောင်ဆုံးရှုံးမှုကို ရှို့မီးဟု ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးချယ်ရန် ယခုလတွင်း ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ရပ်ဆိုင်းပေးရေးအတွက် ဒီဇင်ဘာလ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ထံ တောင်းဆိုထားသည်။