News

POST TAGGED AS

တောင်ငူ

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများသော်လည်း ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်မှု မရှိသဖြင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေးအတွက် တောင်ငူမြို့ခံ ၄၀ဝ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း လက်မှတ်ကောက်ခံသူ ဒေါ်မြတ်ဆုမွန်က ပြောသည်။
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလ ၆ ရက်အထိ အင်အား အသင့်အတင့်ရှိ ငလျင် ၁၅ ကြိမ်ခန့် လှုပ်ခဲ့သော်လည်း ယင်းငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် မဟုတ်သဖြင့် လက်ရှိအထိ စိုးရိမ်ဖွယ်ရာမရှိသေးကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရေးထက် ငွေကြေးတောင်းခံမှုသာများကြောင်း အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GPRM) ဥက္ကဋ္ဌ ဦးအောင်စိုး (အင်းစိန်) က ပြောကြားသည်။
03-Feb-2018 tagged as စပါး တောင်ငူ
တောင်ငူခရိုင်ရှိ တောင်ငူ၊ အုတ်တွင်း အပါအဝင် ၆ မြို့နယ်တွင် မိုးစပါးသစ် ဈေးကောင်း ရရှိနေသော်လည်း ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ စပါးအဝင်လျော့နည်းသွားကြောင်း စပါးကုန်သည်များထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာ အစားထိုးမည်ဆိုဟု သတင်းများထွက်ပေါ်နေမှုမှာ သတင်းမှားများ ထွက်ပေါ်နေခြင်းသာဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။
အမေရိကန်နိုင်ငံမှ စေတနာ့ဝန်ထမ်း ဆရာ ၃၂ ဦးက ရန်ကုန်နှင့် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ အခြေခံပညာကျောင်းအချို့တွင် အင်္ဂလိပ်စာ သင်ကြားပေးရန်အတွက် ဇန်နဝါရီလ ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် ဆေးရုံဟောင်းလမ်းပေါ်ရှိ မြို့နယ်စည်ပင်ပိုင် ကေတုရတနာ မင်္ဂလာခန်းမကို တစ်နှစ်စာအတွက် ကျပ်သိန်း ၇၀ ကျော်ဖြင့် အငှားချထားကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးသက်လွင်ဦးက ပြောကြားသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် မြို့လှသစ်တောကြိုးဝိုင်းထဲက နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ကညင်ပင် ခုတ်ယူခဲ့သူသုံးဦးကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၁ နာရီက ဖမ်းမိခဲ့ကြောင်း ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် တိုင်းဒေသကြီး ဝန်ကြီးနှစ်နေရာကို ဇန်နဝါရီလ၂၅ ရက်နေ့က အစားထိုးခန့်အပ်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
22-Jan-2018 tagged as တောင်ငူ
ဖြူးမြို့အနီး အနောက်တောင်ဘက် ပဲခူးရိုးမအတွင်းကို ဗဟိုပြု၍ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၈ မိနစ်က အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ထိုလှုပ်ခတ်မှုသည် ပြီးခဲ့သော ၁၀ ရက်အတွင်း ၁၃ ကြိမ်မြောက် လှုပ်ခတ်ခြင်းဖြစ်သည်။