News

POST TAGGED AS

တောင်ငူ

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ ဦးသန်းငွေ (၅၁ နှစ်) က ဇနီးဖြစ်သူ ဒေါ်ဌေးဌေး(၄၁ နှစ်ခန့်) ၏ ဦးခေါင်းကို ပေါက်တူးဖြင့် ခုတ်သတ်ခဲ့မှု အောက်တိုဘာလ ၁၃ ရက် ညဦးပိုင်းက ပဲခူးမြို့၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု ကျုံပကန်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းထံမှ သိရှိရသည်။
13-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ လမ်းမကြီးအချို့နှင့် ကျုံးဟောင်းတစ်ဝိုက်တွင် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ ဝင်/ထွက်ခွင့် ပိတ်လိုက်သည့်အခါ ကုန်တင်ကားကြီးများအတွက် ကုန်တင်၊ ကုန်ချ သီးသန့် ကားဝင်းနေရာလည်း မရှိသဖြင့် အခက်အခဲ ကြုံနေရကြောင်း တောင်ငူမြို့ခံ ကုန်တင်ကားကြီး လုပ်ငန်းရှင်များထံမှ သိရှိရသည်။
11-Oct-2017 tagged as တောင်ငူ
ကရင်ပြည်နယ်မြောက်ဖျား သံတောင်ကြီးမြို့နယ် လိပ်သိုလ်မြို့နယ်ခွဲရှိ ဖာလာစိုက်ခင်းများတွင် စက်တင်ဘာလ နောက်ဆုံးပတ် ဖာလာရာသီချိန်မှစတင်ပြီး ယနေ့အထိ ကြွက်နှင့် တောဝက်များ ဖျက်ဆီးမှုကြောင့် အထွက်နှုန်း လျော့နည်းကျဆင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
08-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျုံးဧရိယာအတွင်း ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ယာဉ်များကို အောက်တိုဘာလ အစပိုင်းက ဝင်ထွက်ခွင့် ကန့်သတ်လိုက်ကြောင်း တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက ပြောကြားသည်။
30-Sep-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ၁၆၆ နှစ်မြောက် သီတင်းကျွတ် မီးမျှောပွဲနှင့် ရှင်ဥပဂုတ္တမထေရ် ပူဇော်ပွဲ ကျင်းပမည့် အောက်တိုဘာလ ပထမပတ်မှ စတင်ကာ ပွဲတော်ကာလအတွင်း အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ အပြည့်ချထားမည်ဖြစ်ကြောင်း ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတည်ပြု ဖွဲ့စည်းသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်အထိ ၂ နှစ်ခန့်အကြာတွင် သတင်း မီဒီယာများနှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၃၄ စောင် ရှိကြောင်း အဆိုပါကောင်စီထံမှ သိရသည်။
ကျောင်းသား ကျောင်းသူများကို ဘောင်းဘီစကပ်ချွတ် မတ်တတ်ရပ်စေ၍ ဒဏ်ပေးခဲ့သည့် ရေတာရှည်မြို့နယ် ကူးတို့ဆိပ်ကျေးရွာမှ ဆရာမကို စာသင်ခွင့် ရပ်ဆိုင်းကာ မြို့နယ်ပညာရေးမှူးရုံး တွဲဖက်အဖြစ် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြောင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တောင်ငူမြို့နယ်တွင် ရပ်ကွက် ကျေးရွာပေါင်း ၆၄ ခုမှ အိမ်သုံးလျှပ်စစ် မီတာလျှောက်ထားသူ ၄၀ဝ နီးပါးရှိသော်လည်း သုံးလနီးပါး ကြာသည်အထိ မီတာ မတပ်ဆင်ပေးနိုင်သေးကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ စုံစမ်းသိရသည်။
21-Sep-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ကမ်းပါး ပြိုမှုကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ မြေဆုံးရှုံးသူများကို အစားထိုး မြေပေးမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက ပြောကြားသည်။
12-Sep-2017 tagged as တောင်ငူ
ဗကသ ကျောင်းသားဟောင်း နှစ်ဦးကို တပ်မတော်ဘက်မှ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက တပ်မတော်ဘက်မှ တာဝန်ရှိသူတစ်ဦးက လာရောက် ရုပ်သိမ်းခဲ့ကြောင်း တောင်ငူမြို့နယ် တရားရုံး အသိုင်းအဝိုင်းထံမှ သိရသည်။