News

POST TAGGED AS

တောင်ငူ

06-Jun-2017

တောင်ငူ
တောင်ငူတွင် ဒုတိယ ခရိုင်တရားသူကြီး နေအိမ်မှ ဆိုင်ကယ်တစ်စီး ခိုးခံရ
တောင်ငူ၊ ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်၂၀ ရပ်ကွက် ငုဝါလမ်းနေ တောင်ငူခရိုင် ဒုတိယခရိုင် တရားသူကြီး ဦးမောင်မောင်အေး၏ နေအိမ်တိုက်ခန်းမှ ကျပ် ၁၅ သိန်းခန့်တန်ဖိုးရှိသည့် ထိုင်းနိုင်ငံလုပ်မော်တော်ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရကြောင်း တောင်ငူမြို့မ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“တရားသူကြီးမိသားစုက မနက် ၅ နာရီခွဲလောက်ကမှသိတာပါ။ လတ်တလောမှာတော့ တောင်ငူမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်” ဟုတောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဆိုင်ကယ်ခိုးယူခံရသည်နှင့် ပတ်သက်၍ တောင်ငူမြို့မ ရဲစခန်းက (ပ)၄၆၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။(R-15)

  • VIA


FOLLOW US