News

POST TAGGED AS

တောင်ငူ

28-May-2017

တောင်ငူ
တောင်ငူတွင် အမျိုးသမီးတစ်ဦး ရွှေဆိုင်ကို ဝင်လု
တောင်ငူမြို့ အမှတ် ၅ ရပ်ကွက် နဂါးရုံဘုရားလမ်းရှိ စိန်ညွှန့်ရွှေအရောင်းဆိုင်တွင် ယနေ့ (မေလ ၂၈ ရက်) နံနက် ၈ နာရီခွဲခန့်က အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်လာပြီး ၃ ကျပ်သားခန့် ရှိသည့် ရွှေဆွဲကြိုး လေးကုံးကို ရုတ်တရက် ဝင်ရောက်လုယူခဲ့သော်လည်း ဆိုင်ရှင်နှင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟု ရွှေအရောင်းဆိုင်ပိုင်ရှင် ဦးဖိုးကဲက ပြောကြားသည်။

“ဆိုင်ကယ်နဲ့ ဝင်လာတာပြီး ကောင်တာပေါ်မှာ ပြနေတဲ့ ဆွဲကြိုးကို ရုတ်ရက်ကောက်ပြေးခဲ့တာပါ။ ဈေးဝယ်အမျိုးသမီးကြီး တစ်ယောက်က ခပ်တောင့်တောင့်ဆိုတော့ အတင်းဖမ်းချုပ်လိုက်တာပါ” ဟု ဈေးဝယ်ရောက်ရှိနေသည့် မျက်မြင်သက်သေ အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။

R-15
ဓာတ်ပုံ - ဇေယျာကို




FOLLOW US