News

POST TAGGED AS

တောင်ငူ

ရေနီမိုးလေဝသစခန်းတွင် အလိုအလျှောက် မြစ်ရေမှတ် တိုင်းစက်များ တပ်ဆင်
ရန်ကုန်၊ မေ ၂၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့ မိုးလေဝသနှင့် ဇလဗေဒစခန်းတွင် အလိုအလျောက် မြစ်ရေမှတ် တိုင်းတာစက်များ မေလ ၂၆ ရက်နေ့ကက စတင်တပ်ဆင်ခဲ့ပြီး စခန်းကို အဆင့်မြှင့်တင်ပေးခဲ့ကြောင်း တောင်ငူခရို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရေနီ (ဇလဗေဒ) စခန်းအနေနဲ့ စစ်တောင်းမြစ်ထဲမှာ အလိုအလျောက် မြစ်ရေမှတ် တိုင်းတာစက်ကို တပ်ဆင်ခဲ့တာပါ။ စက်တပ်ဆင်မှုကိုတော့ မိုး/ဇလနဲ့ အိန္ဒိယနိုင်ငံက ကူညီထောက်ပံတဲ့ RAIME အဖွဲ့က ပူးပေါင်းတပ်ဆင်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အလိုအလျောက် တိုင်းတာစက်များ တပ်ဆင်သည့် အကျိုးရလဒ် အနေနှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများတွင် မြစ်ရေကြီးမှု သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထောက်အကူပြုမည် ဖြစ်ပြီး မြစ်ရေကြီး သတိပေးချက်များ ထုတ်ပြန်ရာတွင် မြစ်ရေမှတ်တမ်းများ စဉ်ဆက်မပြတ် ရရှိမည် ဖြစ်ကြောင်း မြစ်ဝှမ်းနေ ပြည်သူများကို early warning အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - MyoMyintAung

R-15



FOLLOW US