News

POST TAGGED AS

တောင်ငူ

10-May-2017

တောင်ငူ
တောင်ငူခရိုင်တွင် မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံး
တောင်ငူ၊ မေ ၁၀

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့ရှိ ကျေးရွာနှစ်ခုတွင် မေလ ၉ ရက်နေ့ ညနေပိုင်းက မိုးကြိုးပစ်ခံရ၍ အသက် ၃၅ နှစ်အရွယ်နှင့် ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့ ညနေ ၄ နာရီခန့်က ကျောက်ကြီးမြို့နယ် နရွဲပင်ကျေးရွာရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသားသည် လယ်ကွင်းအတွင်း ထွန်စက် မောင်းနှင်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခန့်က အုတ်တွင်းမြို့နယ် ရေနီကြီးကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဦးကျော်ဦးနှင့် အသက် ၃၅ နှစ်အရွယ် ဦးရွှေထိုက်တို့နှစ်ဦး နွားလှည်းဖြင့် ကောက်ရိုးတိုက်သွားရာမှ ရုတ်တရက် မိုးရွာသွန်းစဉ် မိုးကြိုးပစ်ခံရပြီး ဦးကျော်ဦး သေဆုံးကာ ဦးရွှေထိုက်မှာမူ ခေါင်းမူးဝေသည်မှအပ အခြားဒဏ်ရာမရကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းများထံမှ သိရသည်။

R-15

  • VIA


FOLLOW US