News

POST TAGGED AS

တောင်ငူ

09-Apr-2017

တောင်ငူ
ပျဉ်းမနားမြို့မစခန်းမှ ထွက်ပြေးသော အချုပ်သား နှစ်ဦးကို ပြန်လည်ဖမ်းမိ
တောင်ငူ၊ ဧပြီ ၉

နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနား မြို့မရဲစခန်းမှ ထွက်ပြေး လွတ်မြောက်ခဲ့သော အချုပ်သား နှစ်ဦးကို ယနေ့ (ဧပြီလ ၉ ရက်) နံနက်ပိုင်းက ပြန်လည် ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။ 

ပျဉ်းမနား မြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် ဖမ်းဆီး ချုပ်နှောင်ထားသော ဦးဝင်းထိုက်ကျော်နှင့် ဦးငွေသိန်း(ခ) ညီညီတို့က ဧပြီလ ၈ ရက် နံနက် ၈ နာရီခန့်က ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ယနေ့ (ဧပြီလ ၉ ရက်) နံနက် ၉ နာရီခန့်က ရန်ကုန်- မန္တလေး လမ်းဟောင်း သာဝတ္ထိစစ်ဆေးရေးဂိတ်တွင် ၎င်းတို့နှစ်ဦးကို ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားရဲစခန်းသို့ ပြန်လည် ခေါ်ဆောင်ထားကာ အမှုထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

R-15

  • VIA


FOLLOW US