News

POST TAGGED AS

တောင်ငူ

တောင်ငူတွင် မိန်းကလေးတစ်ဦး ဓားထိုးအသတ်ခံရ
တောင်ငူ၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် (၁၄) ရက်ကွက် မြစည်းခုံ ဘုရားဈေးလမ်းတွင် ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီခွဲက အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဓားဒဏ်ရာ ခြောက်ချက်ဖြင့် အသတ်ခံရကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရှိရသည်။

တောင်ငူမြို့ အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သော မဥမ္မာခိုင်(ခ) ရချီကာက အဖော်အမျိုးသား တစ်ဦးနှင့် မြစည်းခုံ ဘုရားဈေးလမ်း လိပ်ကန်နံဘေးတွင် စကားပြောစဉ် စကားများရာမှ အဖော်အမျိုးသားက ဓားဖြင့် ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ဓားထိုးခံရသူ မိန်းကလေးမှာ ငယ်ထိပ်၊ နဖူးနှင့် နေရာအနှံ့တွင် ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိသူများက တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသနေစဉ် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဓားနှင့်ထိုးသွားတဲ့ အမျိုးသားကို ဒီမနက် (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၈ နာရီခွဲက ဖမ်းမိတယ်။ တစ်ရပ်ကွက်တည်း နေသူတွေပါ” ဟု အမှတ် (၂) နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ဦးက ပြောကြားသည်။

မိန်းကလေး အသတ်ခံရမှုနှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် ကိုတင်အောင်စိုး (ခ) တီပွားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရှိရသည်။

R-15



FOLLOW US