News

POST TAGGED AS

တောင်ငူ

တောင်ငူတွင် စိတ်ကြွဆေးပြားများ ဖမ်းမိ
တောင်ငူ၊ဇူလိုင်၂၀

တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု မိုးကောင်းရွာနေ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိသူ အမျိုးသားမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဇော်မင်းနိုင် (ခ) မဲကြီးဆိုသူဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ ည ၆ နာရီခန့်က ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ စိတ်ကြွဆေး ၁၁၈ ပြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ တောင်ငူအမှတ် ၃ နယ်မြေရဲစခန်းက မယ (ပ) ၂/၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့်လှစ်ထားသည်။ 

R-15



FOLLOW US