News

POST TAGGED AS

တောင်ငူ

တောင်ငူရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို အခမဲ့ ခွဲစိတ်​ကုသပေးမည်
တောင်ငူ၊ မတ် ​၂၄

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ် ၆ ခုမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို တောင်​ငူမြို့နယ် ​ကေတု အထူးကု​ဆေးရုံကြီးတွင် မတ်လ ၃၀ ရက်​​မှ ဧပြီလ ၁ ရက်​​နေ့အထိ  Smile Train အဖွဲ့နှင့် ​ဒေသခံဆရာဝန်​များပါဝင်​သည့်​ အဖွဲ့များမှ အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံကြီးမှ တာဝန်​ရှိသူ ​ဒေါက်​တာစိုးဟန်​က ပြောကြားသည်။

အဆိုပါအဖွဲ့များက ဒုတိယအကြိမ်မြောက် ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ပေးခြင်းဖြစ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၂၀ ခန့် ခွဲစိတ်ရန် စာရင်းပေးထားပြီး ၎င်းတို့အနေဖြင့် မတ်လ ၂၉ ရက်နေ့တွင် တောင်ငူမြို့၊ အမှတ် ၁၈ ရပ်ကွက် ကျောက်တိုင်လမ်းရှိ ကေတုအထူးကုဆေးရုံကြီးသို့ လာရောက်ရမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးထံမှ သိရသည်။

စာရင်းပေးသွင်းလိုသူများအနေဖြင့် ကေတုအထူးကု​ဆေးရုံကြီး၏ ဖုန်းနံပါတ်​ ဝ၅၄ ၂၃၈၉၅၉၊ ဝ၅၄ ၂၅၈၉၅ နှင့်​ ဝ၉ ၂၅၀၇၀၄၀၅၀ တို့ကို ဆက်​သွယ်​စုံစမ်း​မေးမြန်း​နိုင်​ကြောင်း၊ ၂၀၁၇ ခုနှစ်​အတွင်းက ပထမအကြိမ်​ ခွဲစိတ်ပေးခဲ့စဉ်က နှုတ်​ခမ်းကွဲ၊ အာ​ခေါင်​ကွဲ လူနာ ၄၀ ​ကျော်​ကို စမ်းသပ်ခွဲစိတ်​ကုသ​ပေးခဲ့ကြောင်း အဆိုပါ​ဆေးရုံကြီးထံမှ သိရသည်။ 

ပဲခူးတိုင်း ပဲခူးခရိုင်​​ဆေးရုံကြီးတွင်​ လွန်​ခဲ့သည့် ၂၀၁၅ ခုနှစ်ခန့်က စတင်​၍ ဂျာမနီနိုင်​ငံမှ ခွဲစိတ်​ကုသမှု ပါရဂူကြီးများနှင့် ​ဆေးဝန်​ထမ်းများ ပါဝင်​သည့်အဖွဲ့မှ နှစ်​စဉ်​လာ​ရောက်​ပြီး နှာ​ခေါင်းကွဲ၊ အာ​ခေါင်​ကွဲနှင့် မီး​လောင်​ဒဏ်​ရာရရှိသူများကို အခမဲ့ခွဲစိတ်​ကုသ​မှုများ ပြုလုပ်ပေး​နေ​ကြောင်း ​အဆိုပါဆေးရုံကြီးထံမှ သိရသည်။ 

R-15



FOLLOW US